
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခြင်းခံခဲ့ရသည့် ဒေသခံပြည်သူများကို ကျောက်လုံးကြီး KLG တပ်မဟာမှ ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့တွင် ငွေကြေးများထောက်ပံ့လှူဒါန်းခဲ့ကြောင်းKLG ထံကသိရသည်။
အဆိုပါ စစ်တပ်ရဲ့ မီးတင်ရှို့မှုကြောင့် မီးဘေးသင့်ကျေးရွာများမှာ ဆင်ဆန်းကျေးရွာ၊သရက်တောကျေးရွာ၊ကင်းတောင်ကျေးရွာ၊ငါးဖျက်ကျေးရွာ ဖြစ်ပြီး ESFDအဖွဲ့မှ ကူညီထောက်ပံ့ပေးမှုကို ကျောက်လုံးကြီး KLG က တဆင့်လှူဒါန်းပေးခဲ့တာ လို့ KLG ထံက သိရသည်။
ဓာတ်ပုံ-ကျောက်လုံးကြီး KLG