ဧရာဝတီတိုင်းမ်
မတ် ၉ ရက်

ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ ခုအနက် ပြည်နယ် ၅၄ ခုမှာ ဒီနေ့မနက်ပိုင်းက အဆိပ်သင့် မီးခိုးမြူများ ဖုံး လွှမ်းခဲ့ပြီး နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ ပြည်နယ် ၂၇ ခုဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ လေထုညစ်ညမ်းမှု အနီရောင်အဆင့် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မြောက်ဘက်အစွန်းရှိ ချင်းရိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်အတွင်း လေထုညစ်ညမ်းမှုဟာ PM 2.5 အထိ အမြင့်ဆုံးဖြစ်တာကို ထောက်လှမ်းသိရှိခဲ့ရကြောင်း ပထဝီ-သတင်းအချက်အလက်နှင့် အာကာသဖွံ့ဖြိုးတိုး တက်ရေး အေဂျင်စီ (Gistda) က ယမန်နေ့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်က ချင်းရိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေပြီး တက်ခ်၊ ချင်းရိုင်၊ မယ် ဟောင်ဆန်၊ လမ်ဖန်၊ လမ်ပန်၊ ဖရေး၊ နန်ကိုင်၊ ဉဒုံသာနီ၊ ဆူခိုထိုင်း၊ ဆခွန်နခွန်၊ နခွန်ဖာနွမ်နဲ့ ဥဘွန်ရတ်ချာသာနီ ပြည်နယ်တွေမှာလည်း ဆိုးဆိုးရွားရွာ လေထုညစ်ညမ်းနေတယ်လို့ သိရပါတယ်။

PM 2.5 အဆင့် အဝါရောင်အဆင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်နေတဲ့ ထိုင်းအလယ်ပိုင်းလွင်ပြင်ဒေသက ပြည်နယ်တွေကတော့ ဆီဆာခက်၊ ယူရီယန်၊ နခွန်ရတ်ချာစီမာ၊ ဉထိုင်းသာနီ၊ ဖီချစ်၊ နခွန်ဆာဝမ်၊ ကန်ချနဘူရီ၊ ဆင်ဘူရီ၊ ဆူဖန်ဘူရီ၊ အယုဒ္ဓယ၊ နာရာသီဝပ်၊ ဖက်ချာဘူရီနဲ့ ဖသွမ်သာနီ အပါအဝင် ပြည်နယ် ၂၇ ခုဖြစ်ပါတယ်။

ဗန်ကောက်၊ အနီးအနားပြည်နယ်တွေနဲ့ တောင်ပိုင်း၊ အရှေ့ပိုင်းပြည်နယ်တွေအများအပြားမှာ လေထု ညစ်ညမ်းမှုဟာ PM2.5 အဆင့်နဲ့ ဘေးကင်းတယ်လို့ သိရပါတယ်။

မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေအပြင် ဗန်ကောက်မြို့တော် အပါအဝင် အလယ်ပိုင်းလွင်ပြင် ဒေသမှာ သောကြာနေ့ကနေ စနေနေ့အထိ နွေရာသီမုန်တိုင်းများနဲ့ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝ သဌာနက ယနေ့ သတိပေးခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; 54 of 77 provinces face hazardous smog level

#Ayeyarwaddy_Times