ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုကိစ္စတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မလေး ရှားနိုင်ငံက သံန္နိဌာန်ချထားတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

အာဏာသိမ်းတာ ၃ နှစ်ကျော် ကြာမြင့်လာတဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ တိုးတက်မှု လက္ခဏာ အနည်းငယ်သာရှိတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။

မြန်မာ့အရေးအတွက် ငြိမ်းချမ်းသော၊ တာရှည်သော အဖြေတစ်ခုရှာဖွေရာမှာ မြန်မာပြည်သူတွေကို ကူ ညီပေးဖို့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်မှုနဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံက သံန္နိဌာန်ချထားဆဲလို့ သူက ဆိုပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် Troika ယန္တယားမှတစ်ဆင့် ဒီနှစ် အာဆီယံ အလှည့်ကျဉက္ကဌ လာအို၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်မယ်လို့ ၎င်းက ပြောပါ တယ်။

မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်တာအပါအဝင် အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှု တွေနဲ့ တူညီဆန္ဒ ၅ ရပ်အတွက် ဩစတြေးလျနိုင်ငံရဲ့ စဉ်ဆက်မပြတ် ထောက်ခံအားပေးမှုကိုလည်း မလေးရှား နိုင်ငံက အသိအမှတ်ပြုတယ်လို့ အန်ဝါက ဆက်ပြောပါတယ်။

အာဆီယံအဖွဲ့နဲ့ ဩစတြေးလျတို့က တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မြှင့် တင်မှုမှတစ်ဆင့် သိသာထင်ရှားသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နိုင်တယ်လို့ သူက ဆိုပါတယ်။

“ပြည်သူအားလုံးအတွက် သဟဇာတဖြစ်သော၊ ဘေးကင်းသော၊ ပိုမိုကောင်းမွန်သော အနာဂတ်တစ်ရပ် ကျွန်တော်တို့ ပုံဖော်နိုင်ပါတယ်။ မလေးရှားနိုင်ငံက အပြုသဘောဆောင်သော၊ အဓိပ္ပာယ်ရှိသော အခန်းကဏ္ဍတစ် ရပ်မှ ပါဝင်ဖို့ သံန္နိဌာန်ချထားပါတယ်” လို့ သူက ပြောပါတယ်။

ကိုးကား – Bernama
Ref; PM Anwar: Malaysia committed to peaceful resolution over South China Sea issue

#Ayeyarwaddy_Times