
ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
ယူကရိန်းက ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားတပ်ဖွဲ့တွေကို ရှုံးနိမ့်ရင် နေတိုးအဖွဲ့က စစ်ပွဲမှာ ပါဝင်လာမယ် လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က သတိပေးပါတယ်။
ရုရှားက ယူကရိန်းကျူးကျော်စစ်ကို အနိုင်ရလျင်ပင် သမ္မတ ဗလာဒီမာပူတင်က စစ်ပွဲကို ရပ်တန့်မှာမ ဟုတ်ဖူးလို့ ရီဗက်ပလီကင်အမတ်တွေဉီးဆောင်တဲ့ အောက်လွှတ်တော် လက်နက်ကိုင်ကော်မတီ ကြားနာပွဲတစ်ခု မှာ အော်စတင်က ပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင် အဆိုပြုတဲ့ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၆၀ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအ ညီကို ကွန်ဂရက်က အတည်မပြုတာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
“ပူတင်က ယူကရိန်းစစ်ပွဲကို အနိုင်ရရင်လည်း သူက ရပ်တန့်မှာမဟုတ်ပါဘူး။ သူက ဒေသတွင်းမှာ ပိုမို ရန်လိုသောလုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
ဘောလ်တစ်တိုင်းပြည်တွေဖြစ်တဲ့ လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ အက်စတိုနီးယားတို့ဟာ အနာ ဂတ်မှာ ပူတင်ရဲ့ ကျူးကျော်မှုကို ကြုံတွေ့လာရနိုင်တယ်လို့ ၎င်းက ပြောပါတယ်။
ရုရှားဟာ နေတိုးအဖွဲ့ဝင်တိုင်းပြည်တစ်ခုကို တိုက်ခိုက်ခြင်းအားဖြင့် နေတိုးတစ်ဖွဲ့လုံးကို စစ်ကြေညာ လာလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
“ဘောလ်တစ်တိုင်းပြည်တွေဟာ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ စစ်ပွဲ မှာ ယူကရိန်း ရှုံးနိမ့်ရင် နေတိုးအဖွဲ့က ရုရှားနဲ့ စစ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် အမှန်တစ်ကယ် ယုံကြည်ပါတယ်” လို့ သူက ဆိုပါတယ်။
ရုရှားနယ်စပ်တစ်လျှောက် စစ်ရေးအင်အားတိုးမြှင့်မှုတွေကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ရုရှားနဲ့ နေတိုး အဖွဲ့ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲဟာ နေတိုးအဖွဲ့အထိ ကျယ်ပြန့်လာနိုင်တာနဲ့ပတ်သက်လို့ ရုရှားနဲ့ နေတိုးအဖွဲ့ တာဝန်ရှိ သူတွေက စိုးရိမ်မှုတွေ ထုတ်ဖော်ပြောခဲ့ပါတယ်။ နေတိုးအဖွဲ့က အင်အားတိုးချဲ့လာတာကြောင့် ၂၀၂၂ ခုနှစ်၊ ဖေ ဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တာလို့ ပူတင်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအညီမပေးနိုင်တာဟာ ကမ္ဘာကြီးအတွက် မနှစ်မြို့ ဖွယ်ရာ အချက်ပြမှုတစ်ခုဖြစ်ပြီး ယူကရိန်းစစ်တပ်ရဲ့ ယုံကြည်မှုကို ထိခိုက်စေခဲ့တယ်လို့ အော်စတင်က ပြောပါ တယ်။
ကိုးကား – Newsweek
Ref; NATO Will Be Drawn Into War With Russia if Ukraine Loses: Lloyd Austin