ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်

အယ်လ်ခိုင်ဒါအဖွဲ့ခေါင်းဆောင် အိုင်မန်းအယ်လ်ဇာဝါဟီရီကို ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း သုတ်သင် နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာလိုက်ပါတယ်။

အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ယခင်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သုတ်သင်ပြီး ဆယ်စုနှစ်တစ်ခုကျော်အ ကြာမှာ ဒီတိုက်ခိုက်မှုကို အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဖူးလို့ သမ္မတ ဂျိုးဘိုင်ဒင်က သြဂုတ်လ ၁ ရက် မှာ အိမ်ဖြူတော်ကနေ မိန့်ခွန်းတစ်ရပ်အတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယခုအခါ တရားမျှတမှုကို ဖော်ဆောင်နိုင်ခဲ့ပြီး အကြမ်းဖက်ခေါင်းဆောင် မရှိတော့ပါဘူး။ ကမ္ဘာတစ်ဝန်း က ပြည်သူတွေဟာ ကြောက်စရာကောင်းတ့ လူသတ်ကောင်ကို ကြောက်ရွံ့စရာ မလိုတော့ပါဘူး” လို့ သူက ဆိုပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့က ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်ကို သုတ်သင်ပြီးတဲ့နောက် အယ်လ်ဇာဝါ ဟီရီဟာ အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

အယ်လ်ဇာဝါဟီရီဟာ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန် နယ်စပ်ဒေသမှာ ပုန်းအောင်းခဲ့တယ်လို့ ယူဆရပါ တယ်။ အယ်လ်ခိုင်ဒါအဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေတဲ့ အယ်လ်ဇာ ဝါဟီရီရဲ့ ရုပ်သံဖိုင်တစ်ခုကို အယ်ခိုင်ဒါအဖွဲ့က ပြီးခဲ့တဲ့နှစ်အတွင်း လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

အယ်လ်ဇာဝါဟီရီ ပုန်းအောင်းနေတဲ့နေရာကို သတင်းအတိအကျပေးနိုင်ရန် ဒေါ်လာ ၂၅ သန်း ချီးမြှင့် မယ်လို့ အမေရိကန် အာဏာပိုင်တွေက ဆုကြေး ထုတ်ထားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Biden: Al-Qaeda leader killed in drone strike