
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်
အာရှတိုက်ရဲ့ နှစ်စဉ်ပြုလုပ်နေကျ အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်တဲ့ ‘ရွှေမြွေဟောက်’ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ပြုလုပ်နေပါတယ်။
ထိုင်းနဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲ ကမကထပြုလုပ်တဲ့ ယခုနှစ် ‘ရွှေမြွေဟောက်’ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို အင်္ဂါနေ့က စတင်ခဲ့တာဖြစ်ပြီး ဂျပန်နဲ့ အာဆီယံနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ ၃၀ မှ တပ်ဖွဲ့ဝင် ၉၅၀၀ ပါ ဝင်လျက်ရှိပါတယ်။
ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က ဒေသတွင်း တရုတ်နိုင်ငံရဲ့ သြဇာတိက္ကမကြီးမားလာစဉ် အမေရိကန်နဲ့ အာရှနိုင်ငံတွေကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ဖြစ်ပါတယ်။
ယနေ့ ထိုင်းနိုင်ငံအရှေ့ပိုင်းမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုအပိုင်း မှာ တရုတ်နိုင်ငံက ပူးပေါင်းခဲ့ပါတယ်။
အမေရိကန်စစ်တပ်၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့နဲ့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ် ထိ ခိုက်သူတွေကို ကယ်ဆယ်ရေးနဲ့ ကုသရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလည်း အတည်ပြုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ‘ရွှေမြွေဟောက်’ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ၂၀၁၄ ခုနှစ်ကတည်းက ပါဝင်ခဲ့ပေမယ့် သူ့ ရဲ့အခန်းကဏ္ဍကို လူသားချင်းစာနာမှုဆောင်ရွက်ရေး လေ့ကျင့်မှုတွေမှာ ကန့်သတ်ထားပါတယ်။
တရုတ်နိုင်ငံက ယခုလို နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တာဟာ ဒေသတွင်း ယုံကြည်မှုနဲ့ ပူး ပေါင်းဆောင်ရွက်မှု တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; US, Thailand hold annual joint military exercise