မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကြို၀န်းကျေးရွာလယ်ကွင်းထဲသို့ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျလာပြီး မီးလောင်ကျွမ်းနေကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ နေ့လယ် ၁၂ နုရီ ၄၅ မိနစ်ခန့်တွင် ကြို၀န်းကျေးရွာ အနောက်တောင် ဘက်ရှိ လယ်ကွင်းထဲသို့ တိုက်လေယာဉ်တစ်စီးပျက်ကျခဲ့ခြင်း ဖြစ်သည်။

“ဒီတိုက်လေယာဉ်က ကောလင်းနဲ့ ပင်လည်ဘူးဘက် ကို ဗုံးကြဲဖို့မကွေးလေတပ်စခန်းကနေ ထွက်လာတာ လို့ သိရတယ်။ လေယာဉ်က မီးလောင်သွားတယ်။ တွဲ ဘက်ပါလား မပါလားတော့ အတည်ပြုလို့မရသေးဘူး။ လေယာဉ်မှူးကလွတ်တယ်လို့ ကြားပေမယ့် သေ ချာမသိရသေးဘူးဗျ”ဟု တပ်တွင်းသတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါလေယာဉ်ကျမှုမှာ မည်သည့်အကြောင်း ကြောင့် ပျက်ကျသည်ကိုမသိရှိရသေးဘဲ လေယာဉ်မှူး သေဆုံးခြင်းရှိမရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#မကွေး #စလင်း #ကြို၀န်းကျေးရွာ #စစ်ကောင်စီ #တိုက်လေယာဉ် #ပျက်ကျ #Ayeyarwaddy_Times