ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

ဓားစာခံ သဘောတူညီချက်တစ်ရပ် ရရှိလျင်ပင် အစ္စရေးနိုင်ငံက ရာဖာမြို့တော်မှာ မြေပြင်ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်မယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။

ဂါဇာဒေသတောင်ပိုင်းရှိ ရာဖာမြို့တော်ဟာ လက်ရှိမှာ ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၅ သန်းကျော်ကို လက်ခံထားရပါတယ်။

ဟားမာစ်အဖွဲ့ ထိန်းသိမ်းထားတဲ့ ဓားစာခံ ၄၀ ဝန်းကျင် လွတ်မြောက်ရေးအတွက် အကြမ်းဖျင်းအားဖြင့် ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲမယ့် အဆိုပြုချက်တစ်ရပ်ကို အစ္စရေးနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းသူတွေက သဘော တူခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက် ရ မရ သူ မပြောနိုင်ဘူးလို့ တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ CBS News နဲ့ အင်တာဗျူးတစ်ခုအတွင်း နေတန်ယာဟုက ပြောပါတယ်။

သဘောတူညီချက်ရရှိလျင် မြေပြင်ထိုးစစ်ဆင်မှု ကြန့်ကြာမှာဖြစ်ပေမယ့် သဘောတူညီချက်မရလည်း မြေပြင်ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။

အလုံးစုံ အောင်ပွဲရရှိဖို့ လပေါင်းများစွာ ကြာမြင့်မှာမဟုတ်ပေမယ့် စစ်ဆင်ရေးစတင်လျင် သီတင်းပတ် အနည်းငယ်သာကြာမြင့်မယ်လို့ ၎င်းက ပြောပါတယ်။

ရာဖာဒေသမှာရှိတဲ့ နောက်ဆုံးလက်ကျန် ဟားမာစ်တပ်ရင်းတွေကို အမြစ်ပြတ်ရှင်းလင်းပြီး ဟားမာစ်အ ဖွဲ့ရဲ့ ဖျက်ဆီးရေးအိပ်မက်ကို အောင်မြင်ဖို့ရာ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ ပိုမို သေဆုံးနိုင်ဖွယ်ရှိတဲ့ ရာဖာဒေသမှာ အစ္စရေးရဲ့ မြေပြင် ထိုးစစ်ဆင်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက အလွန်အမင်း စိုးရိမ်ပူပန်မှုတွေရှိကြောင်း ပြောကြားခဲ့ပါ တယ်။

အစ္စရေးပြည်သူအချို့က ဓားစာခံတွေ လွတ်မြောက်ရေး ကြန့်ကြာမှုအပေါ် စိတ်ပျက်နေကြပြီး ဟားမာစ် အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

အစ္စရေးနိုင်ငံရဲ့ အကြီးမားဆုံး စီးပွားရေးမြို့တော် တဲအဗစ်လ်မြို့မှာ စနေနေ့ကပြုလုပ်တဲ့ လူထုစုဝေးပွဲ တစ်ခုအတွင်း ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Netanyahu: Israel will go ahead with Rafah ground offensive, deal or no deal

#Ayeyarwaddy_Times