ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက်ထုတ်လုပ်မှုက သုံးဆတိုးလာခဲ့ပြီး ကုမ္ပဏီ ၅၀၀ ခန့် ဟာ ယခုအခါမှာ တိုင်းပြည်ရဲ့ ကာကွယ်ရေးနယ်ပယ်မှာ လုပ်ဆောင်နေတယ်လို့ မဟာဗျူဟာမြောက် စက်မှုဝန် ကြီး အလက်ဇန္ဒားကာမိုင်ရှင်က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ပြည်တွင်း စစ်လက်နက်ထုတ်လုပ်မှုနဲ့ တီထွင်ဆန်းသစ်မှု အပါအဝင် ရုရှားရဲ့ ၂ နှစ် ကြာ ကျူးကျော်စစ်ကို ခုခံကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။
စစ်လက်နက်ထုတ်လုပ်ရေးကဏ္ဍမှာ နိုင်ငံပိုင်လုပ်ငန်း ၁၀၀ နဲ့ ပုဂ္ဂလိကကုမ္ပဏီ ၄၀၀ ခန့် ပါဝင်နေတယ် လို့ ကိယက်ဗ်မြို့တော်မှာကျင်းပတဲ့ ရုပ်သံရှင်းလင်းပွဲတစ်ခုအတွင်း သူက ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ ဒီနှစ်အတွင်း ခဲယမ်းမီးကျောက် ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ဖို့ စီစဉ်နေတယ် လို့ ၎င်းက ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေကို ခုခံတွန်းလှန်တဲ့ စစ်မြေပြင်မှာ အသုံးပြုတဲ့ ဒရုန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ယူကရိန်း နိုင်ငံမှာ ထုတ်လုပ်ခဲ့တာလို့ ယူကရိန်း ဒစ်ဂျစ်တယ်ဝန်ကြီး မိုင်ခေးလိုဖက်ဒိုရော့ဗ်က သီးခြားမိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။
ရုရှားကျူးကျော်စစ် ၂ နှစ်တာကာလအတွင်း ယူကရိန်းနိုင်ငံမှထုတ်လုပ်တဲ့ မည်သည့်စစ်လက်နက်မျှ ဉ ရောပသမဂ္ဂသို့ ဝင်ရောက်ခဲ့တာမရှိဘူးလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အိုဟော်ကလီမန်ကိုက သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Ukraine tripled weapons production last year, minister says