ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်တွေသို့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်မှုကို မတ်လပထမအ ပတ်မှာ စတင်မယ်လို့ မျှော်မှန်းကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာက ပြောကြားခဲ့ပြီး တက်ခ်ပြည်နယ်ရှိ နယ်စပ်ဒေသကို တစ်ထောက်နားစခန်းအဖြစ် အသုံးပြုမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း လက်ရှိပဋိပက္ခဘေးသင့် တိုင်းရင်းသားအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူသား ချင်းစာနာမှု အကူအညီ ပေးအပ်သွားမယ်လို့ မကြာသေးမီက အင်တာဗျူးတစ်ခုအတွင်း သူက ပြောပါတယ်။

ကနဉီးအနေနဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါဝင်မယ့် အကူအညီပေးအပ်မှုကို ထိုင်းနဲ့မြန်မာနိုင်ငံရှိ ကြက် ခြေနီအသင်းတွေက ကြီးကြပ်သွားမယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာစစ်ကောင်စီကလည်း လူသားချင်းစာနာမှု အကူအညီပေးမယ့် အစီအစဉ်ကို အပြည့်အဝ ထောက်ခံ ပြီး အသီးသီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆွေး နွေးမှုတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အကူအညီပေးဝေရာမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုအပေါ် စိုးရိမ်မှုတွေရှိတယ်လို့ ပန်ပရီးက ဝန်ခံခဲ့ ပြီး သတ်မှတ်ပြည်သူတွေအားလုံးထံ အကူအညီရောက်ရှိရေး အာဆီယံ အကူအညီပေးရေးစင်တာ (AHA) က စောင့်ကြည့်သော အခန်းကဏ္ဍမှ ပါဝင်မယ်လို့ ပြောပါတယ်။

နောက်ပိုင်းအဆင့်ရောက်လျင် အကူအညီပေးရေး အစီအစဉ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မ တီ (ICRC) ပါဝင်မယ့်အခန်းကဏ္ဍကို ကြိုဆိုတယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်ရှောင်တွေိကို လူသားချင်းစာနာမှု အကူအညီပေးမယ့် အစီအစဉ်ဟာ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှု တစ်ခုတည်းမဟုတ်ဘဲ ပြီးခဲ့တဲ့လအတွင်း လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ နိုင် ငံခြားရေးဝန်ကြီးတွေက အပြည့်အဝ ထောက်ခံခဲ့တယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ မြန်မာစစ်ရှောင်တွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်မယ့်အစီအစဉ်ကို အမေရိ ကန်၊ ဉရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့က ထောက်ခံခဲ့တယ်လို့ ဒီလအစောပိုင်း ဝါရှင်တန်ဒီစီခရီးစဉ်အတွင်း အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တွေ့ဆုံခဲ့တဲ့ ပန်ပရီးက ပြောပါတယ်။

လူသားချင်းစာနာမှုအကူအညီ ပေးအပ်မှုဟာ မြန်မာ့အကျပ်အတည်းဖြေရှင်းမယ့် အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ် အောင်မြင်ရေး ပထမအဆင့်အဖြစ် ရှုမြင်ထားတယ်လို့ သူက ဆိုပါတယ်။

“ဒီအစီအစဉ်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိလာတယ်ဆိုတဲ့အချက်ကို ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အ စည်းတွေကြား ယုံကြည်မှု ဆောင်ကျဉ်းပေမယ်လို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

ကိုးကား – THAI PBS
Ref; Parnpree expects humanitarian aid to Myanmar to begin in early March

#Ayeyarwaddy_Times