ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

နျူကလီးယားတပ်ဖွဲ့ကို ခေတ်မီအောင်တည်ဆောက်ခဲ့ပြီး ယူကရိန်းမှာ အထူးစစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ပူတင်ဟာ သောကြာနေ့က အဖနိုင်ငံတော်နေ့ အထိမ်းအမှတ် ရုပ်သံဗွီဒီယိုဖိုင်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဖ နိုင်ငံတော်အတွက် သစ္စာရှိပြီး ကိုယ်ကျိုးမဖက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရုရှားစစ်သည်တွေကို ကျေးဇူးတင်ရှိ တယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံဟာ မောင်းသူမဲ့လေယာဉ်တွေ၊ တင့်ကားတွေလိုမျိုး သမားရိုးကျ စစ်လက်နက်တွေထုတ်လုပ်မှု တိုးမြှင့်ခဲ့ပြီး နျူကလီးယားစွမ်းရည်တွေကိုလည်း အဆင့်မြှင့်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့အတွင်း ခေတ်မီစစ်လက်နက်တွေ တပ်ဆင်မှုအချိုးအစားက ၉၅ ရာခိုင်နှုန်းကျော် ရောက်ရှိလာခဲ့ပြီလို့ ၎င်းက ဆက်ပြောပါတယ်။

ခေတ်အမီဆုံး Tu-160M နျူကလီးယားဗုံးကြဲလေယာဉ် ၄ စင်းကို ရုရှားစစ်တပ်ထံ ပေးအပ်လိုက်ပြီလို့ သူ က အတည်ပြုပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် ရုရှားကျူးကျော်စစ်စတင်တဲ့ နှစ်ပတ်လည်အကြိုနေ့မှာ ယူကရိန်းပဋိပက္ခ ပြီးဆုံး မယ့်အလားအလာ မမြင်တွေ့ရသေးပါဘူး။

သောကြာနေ့က ရုရှားဒရုန်း ၃၁ စင်းအနက် ၂၃ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းတပ်ဖွဲ့က ပြောကြားခဲ့ ပေမယ့် တောင်ပိုင်းရှိ Odesa ဒေသမှာ လူသုံးဉီး သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီပေးမှု ကြန့်ကြာနေတာကြောင့် ခဲယမ်းမီးကျောက်တွေ၊ အခြား လက်နက်တွေ ပြတ်လပ်မှုရင်ဆိုင်နေရတဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ မြေပြင်မှာ တိုက်ပွဲဝင်ဖို့ ရုန်းကန်နေရပါတယ်။

ကိုးကား – NHK
Ref; Putin boasts of modernized nuclear arsenal

#Ayeyarwaddy_Times