
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
တရုတ်နိုင်ငံကို မျက်နှာမူနေတဲ့ ရှေ့တန်းစစ်မျက်နှာရှိ ကျွန်းတွေပေါ်မှာ စစ်အင်အားဖြန့်ကြက်မှု တိုးချဲ့ တာမရှိသလို ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးအခြေအနေ ပုံမှန်မဟုတ်တာမရှိဘူးလို့ တရုတ်နိုင်ငံနဲ့ တင်းမာမှု မြင့်တက်နေစဉ် ထိုင်ဝမ်က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံက အန္တရာယ်ရှိသော ခွဲထွက်ရေးသမားတစ်ဉီးအဖြစ် ရှုမြင်ထားတဲ့ လီရှန်တေး ပြီးခဲ့တဲ့လအ တွင်း သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် တိုင်ပေအပေါ် ဖိအားတိုးပေးလာမယ့် တရုတ်ရဲ့ကြိုးပမ်းမှုတွေကို ထိုင်ဝမ်က စိုးရိမ်နေပါတယ်။
တားမြစ်ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဉီး ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ကို ရှောင်ပြေးဖို့ကြိုးပမ်းရင်း သေဆုံးခဲ့ပြီးနောက် တရုတ်နိုင်ငံဟာ တနင်္ဂနွေနေ့က ထိုင်ဝမ်ထိန်းချုပ် Kinmen ကျွန်းစု ဝန်းကျင်မှာ ပုံမှန် ကင်းလှည့်စောင့်ကြပ်မှုတွေ စတင်ခဲ့ပါတယ်။
စစ်အေးကာလအမြင့်ဆုံးအချိန်မှာ ပြင်းထန်သော တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် ယခုအခါ နာမည်ကျော် ခ ရီးသွားနယ်မြေတစ်ခုဖြစ်တဲ့ Kinmen ကျွန်းဟာ ထိုင်ဝမ်မြို့စောင့်တပ်ရှိပေမယ့် ရေပိုင်နက်ကိုတော့ ထိုင်ဝမ်ကမ်း ခြေစောင့်တပ်ဖွဲ့က ကင်းလှည့်ပါတယ်။
ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်တပ်ရဲ့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုတွေ လက်ရှိမှာ မရှိဘူးလို့ ထိုင် ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးဌာန အကြီးအကဲ ဟောင်မင်ချန်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ်ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အခြေအနေကို လက်တုံ့ပြန်မှုအဖြစ် လေ့ကျင့်မှုတွေနဲ့ ပြင် ဆင်မှုတွေ လုပ်ဆောင်မယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆွန်လီဖန်က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။
ထိုင်ဝမ်အစိုးရက တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှု တောင်းဆိုချက်ကို ပယ်ချပြီး ထိုင်ဝမ် ပြည်သူတွေဟာ သူတို့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။
ကိုးကား – Reuters
Ref; Taiwan says it has not stepped up military deployments on frontline islands