ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ရုရှားဟာ ဆွီဒင်နိုင်ငံအတွက် အဓိကကျတဲ့ နိုင်ငံတကာ လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ပြည်ပရန် သူတွေဟာ အစ္စလာမ္မစ်တွေရဲ့ အစွန်းရောက် အကြမ်းဖက်မှုအန္တရာယ်တွေကို အသုံးချလာနိုင်တယ်လို့ ဆွီဒင်ရဲ တပ်ဖွဲ့က ပြောပါတယ်။
“ဆိုးရွားသော လုံခြုံရေးအခြေအနေနဲ့ နေထိုင်နိုင်ဖို့ ကျွန်မတို့ လေ့လာသင်ယူရပါမယ်” လို့ ဆွီဒင်ရဲတပ်ဖွဲ့ အကြီးအကဲ ချားလော့တေးဗွန်အက်ဆင်က ဆွီဒင်နိုင်ငံ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများဆိုင်ရာ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
“ရုရှားသာမက တရုတ်နဲ့အီရန်ကလည်း ဆွီဒင်နိုင်ငံရဲ့ အကြီးမားဆုံး ခြိမ်းခြောက်သူတွေဖြစ်ပြီး အဲဒီတိုင်း ပြည်တွေက လက်ရှိ လုံခြုံရေးစနစ်ကို ပြောင်းလဲဖို့ လက်တွဲလုပ်ဆောင်နေပါတယ်” လို့ သူက ဆိုပါတယ်။
ဆွီဒင်နဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ လူပုဂ္ဂိုလ်အချို့က ကိုရန်ကျမ်းတွေကို မီးရှို့မှုကြောင့် မူဆလင်တွေ၊ ဂျီဟတ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပွားပြီးနောက် ဆွီဒင်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း လုံခြုံရေးကို အ ဆင့် ၃ မှ အဆင့် ၄ အထိ တိုးမြှင့်ခဲ့ပါတယ်။
အစ္စလာမ္မစ်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကို ဆွီဒင်ရဲ့ ပြည်ပရန်သူတွေက အသုံးချလာနိုင်တယ်လို့ ဆွီဒင် ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“ပြည်ပအင်အားကြီးတိုင်းပြည်တွေဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ဖို့ ကြားခံလူတွေ အဖြစ် အစွန်းရောက်တွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို အသုံးချနိုင်ပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အနောက်နိုင်ငံများမှ နှင်ထုတ်ခံရတဲ့ ရုရှားသူလျှိုအရေအတွက် များလာတာကြောင့် ရုရှားနိုင်ငံက နည်း ဗျူဟာတွေ ပြောင်းလဲလာပြီး အခွင့်အရေးပေးသောနည်းလမ်းတွေ အသုံးပြုနေတယ်လို့ ဆွီဒင်ရဲတပ်ဖွဲ့၊ စစ်ဆင် ရေးဌာန အကြီးအကဲ ဖရက်ဒက်ခ်ဟောစထရောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ရောက်ရေး ကြိုးပမ်းမှုကို အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီက ယခုအချိန်ထိ အ တည်မပြုရသေးပါဘူး။
ရုရှားနဲ့ ရှည်လျားသောနယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဆွီဒင်ရဲ့အိမ်နီးချင်း ဖင်လန်နိုင်ငံက ပြီးခဲ့တဲ့နှစ်အ တွင်း နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Russia is biggest security threat to NATO-hopeful Sweden, security service says