ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်

လူငယ်တွေဟာ နိုင်ငံရေးသမားတွေရဲ့ ဘာသာရေးဝါဒမှိုင်းတိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ဒီကနေ့မနက်ပြောကြားတဲ့သူ့ရဲ့မိန့်ခွန်းမှာ စွပ်စွဲပြောဆိုထားပါတယ်။

”မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံရေးသမားတွေရဲ့ ဘာသာရေးဝါဒ မှိုင်းမိလှုံ့ဆော်ခြင်းနဲ့ လှုံ့ ဆော်ခံရခြင်း၊အမျိုးဘာသာသာသနာ ယဥ်ကျေးမှုဓလေ့ ထုံးစံတွေကိုဖျက်ဆီးမှိုင်းတိုက်ဝါဒဖြန့်လှုံ့ဆော်ခံရခြင်းတို့ကြုံတွေ့ခဲ့ရပါတယ်” လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းမီဒီယာတွေကြောင့် မြန်မာ့ယဥ်ကျေးမှုနဲ့ပတ်သက်ပြီး လွဲမှားစွာအသုံးချခံခဲ့ရတယ်လို့သူကဆိုပါတယ်။

”အွန်လိုင်းမီဒီယာတွေပေါ်မှာ လူငယ်တွေဟာမြန်မာ့ယဥ်ကျေးမှုနဲ့ပတ်သက်ပြီး လွဲမှားစွာအသုံးချခြင်းခံခဲ့ရပါတယ်။ ဒါကြောင့်လူငယ်တွေစိတ်ပိုင်းဆိုင်ရာအားနည်းပြီး သက်ဆိုင်ရာတိုင်းရင်းသားရိုးရာယဥ်ကျေးမှုတွေကို စောင့်ထိန်းလိုစိတ်တွေချို့တဲ့လာခဲ့ပါတယ်” လို့ ပြောပါတယ်။

အဲ့တာတွေကြောင့် ၄င်းတို့စစ်ကောင်စီတာဝန်ယူတဲ့ကာ လအတွင်း လာမယ့်အောက်တိုဘာလမှာ ဆို၊က၊ရေး၊တီးပြိုင်ပွဲတွေကို ကျင်းပသွားမယ်လို့လည်းသူကပြောပါတယ်။