
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
စစ်လက်နက်တွေ လွှဲပြောင်းပေးခြင်းနဲ့ စစ်လက်နက်တွေ ဝယ်ယူဖို့ ငွေကြေးထောက်ပံ့တာ အပါအဝင် ဆွီဒင်နိုင်ငံက ယူကရိန်းသို့ ဒေါ်လာ ၈၆၂ သန်းတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ဆွီဒင် ကာကွယ် ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယခုစစ်ရေးအကူအညီက ဆွီဒင်နိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ ၁၅ ကြိမ်မြောက်နဲ့ ပမာဏအများဆုံး စစ်ရေးအကူအညီဖြစ်လာမယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဆွီဒင်ရဲ့ ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီဟာ ဒေါ်လာ ၂ သမ ၇၅ ဘီလီယံခန့် ရှိလာခဲ့ပြီဖြစ်ပါတယ်။
“ရုရှားကျူးကျော်စစ်ရှိနေသရွေ့ ကျွန်တော်တို့ ယူကရိန်းကို ဆက်လက် ကူညီမှာဖြစ်ပါတယ်” လို့ ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပေါလ်ဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဆွီဒင်က ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ လက်နက်ကြီးကျည်တွေ၊ လေယာဉ်ပစ်ကျည် တွေနဲ့ ပခုံးထမ်းလောင်ချာတွေ ပါဝင်မယ်လို့ ဆွီဒင်နိုင်ငံက ပြောပါတယ်။
ဒါ့အပြင် စစ်သင်္ဘောတွေနဲ့ အခြားရေယာဉ်တွေ၊ မိုင်းနဲ့ ရေအောက်သုံးဒရုန်းလိုမျိုး စစ်လက်နက်တွေ လည်း ပါဝင်မယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ ယူကရိန်းရန်ပုံငွေအဖွဲ့မှတစ်ဆင့် ဝယ်ယူမယ့် ဆွီဒင်နိုင်ငံရဲ့ ငွေကြေးအကူအညီထဲ မှာ တိုက်ခိုက်ရေးသံချပ်ကာယာဉ် ၁၀ စင်းလည်း ပါဝင်ပြီး ၂၀၂၆ ခုနှစ်မှာ ယူကရိန်းသို့ ပေးအပ်သွားမယ်လို့ ဆိုပါ တယ်။
ကိုးကား – Reuters
Ref; Sweden donates another $680 mln in military aid to Ukraine