ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

တရုတ်နိုင်ငံသားနှစ်ဉီး သေဆုံးမှုနဲ့ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေစဉ် တရုတ်ကမ်းရိုးတန်းအ လွန် ထိုင်ဝမ်ထိန်းချုပ် ကျွန်းငယ်တစ်ခုဝန်းကျင်မှာ ဉပဒေစိုးမိုးရေး လှုပ်ရှားမှုတွေ အရှိန်မြှင့်ကာ ပုံမှန် ကင်းလှည့် မှုတွေ လုပ်ဆောင်မယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

တရုတ်စပိဘုတ်တစ်စင်းဟာ ထိုင်ဝမ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းကို ရှောင်ပြေးဖို့ကြိုးစားရင်း မတော် တဆ ဖြစ်ကာ နှစ်ဉီး သေဆုံးပြီး နှစ်ဉီး ဒဏ်ရာရရှိခဲ့တာကြောင့် အဆိုပါလုပ်ရပ်ကို ထိုင်ဝမ်က ကာကွယ်ခဲ့ပါ တယ်။

ထိုင်ဝမ်ထိန်းချုပ် ရေပိုင်နက်အတွင်း တရုတ် ငါးဖမ်းလှေတွေ၊ အခြားရေယာဉ်တွေရဲ့ လုပ်ရပ်တွေပတ် သက်လို့ ထိုင်ဝမ်က ပြီးခဲ့တဲ့နှစ်တွေအတွင်း ကန့်ကွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံကလည်း ထိုင်ဝမ်ရဲ့လုပ်ရပ်ကို ရှုတ်ချကာ လိုအပ်သလို လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။ သက်ဆိုင်ရာရေပိုင်နက်အတွင်း တံငါသည်တွေရဲ့ အသက်ဘေးနဲ့ ပစ္စည်းဉစ္စာ ဘေးကင်းလုံခြုံဖို့ လုပ်ဆောင်မယ် လို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ်အစိုးရက ထိုင်ဝမ်ပြည်သူတွေနဲ့ပတ်သက်လို့ စိတ်စေတနာကောင်းရှိပေမယ့် တရုတ်တံငါသည် တွေရဲ့ လုံခြုံရေးကို အရေးမစိုက်တာကို သည်းခံမှာမဟုတ်ဖူးလို့ တရုတ်နိုင်ငံ၊ ထိုင်ဝမ်ရေးရာရုံးက ပြောပါတယ်။

ထိုင်ဝမ်ရေပိုင်နက်အတွင်း တရုတ်ငါးဖမ်းလှေတွေ တရားမဝင် ဝင်ရောက်တာကို ပိတ်ပင်မယ့် စည်းမျဉ်း တွေ ဆက်လက်ထားရှိမယ်လို့ ထိုင်ဝမ်ရဲ့ တရုတ်ပြည်မကြီးရေးရာကောင်စီက ပြောပါတယ်။

တရုတ်နဲ့ထိုင်ဝမ်ဟာ မကြာသေးမီကာလတွေအတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားအနီး စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ မကြာခဏ စေလွှတ်ခဲ့ပါတယ်။

ကိုးကား – The Japan Times
Ref; China to send coast guard ships as tensions rise over Taiwanese islands

#Ayeyarwaddy_Times