ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်
တရုတ်နိုင်ငံက အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကို သေချာပေါက် ကာကွယ်စောင့်ရှောက်မယ်လို့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေစဉ်မှာ တရုတ်လေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။
တရုတ်လေတပ်ဖွဲ့မှာ ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ထားနိုင်တဲ့ ဂျက်တိုက်လေယာဉ်အမျိုးမျိုး ပိုင်ဆိုင်ထား တယ်လို့ လေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှန်ကျင်ကီကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြကြပါတယ်။
အမေရိကန် အောက်လွှတ်တော်နာယက နန်စီပီလိုစီက အာရှခရီးစဉ် စတင်လိုက်ပေမယ့် မကြာသေးမီ ရက်တွေအတွင်း တင်းမာမှုတွေဖြစ်စေခဲ့တဲ့ ထိုင်ဝမ်ကိုသွားရောက်မယ့်အကြောင်း မပြောကြားပါဘူး။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အား သုံးပြီး ပြန်လည်ပေါင်းစည်းဖို့ ပြောကြားဖူးပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာသင့်ပြီး မီးနဲ့ကစားသူဟာ မီးလောင် ခံရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို သတိပေးခဲ့ပါတယ်။
တရုတ်လေတပ်ဖွဲ့ဟာ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေကို ခုခံကာကွယ်နိုင်တဲ့ ယုံကြည်မှုနဲ့ စွမ်း ဆောင်ရည်အပြည့်ရှိတယ်လို့ တရုတ်လေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရှန်းက ပြောကြားခဲ့တာပါ။
ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့လှုပ်ရှားမှု အထောက်အထား မတွေ့ရဘူးလို့ အိမ်ဖြူတော် အမျိုး သားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇူလိုင်လ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
Photo – AFP
ကိုးကား – The Straits Times
Ref; China air force says it can safeguard ‘territorial integrity’, referring to Taiwan