
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အဓိ ကရန်သူ အလက်ဇီနာဗယ်လ်နီဟာ အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့တယ်လို့ ရုရှား အကျဉ်းဉီးစီးဌာနက ဖေ ဖော်ဝါရီလ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အလက်ဇီဟာ သောကြာနေ့က လမ်းလျှောက်ပြီးနောက် နေမကောင်းဖြစ်ကာ သတိလစ်သွားခဲ့ကြောင်း၊ လူနာတင်ယာဉ်တစ်စင်း သူ့ကို ဆေးကုသပေးဖို့ ရောက်ရှိလာခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဖက်ဒရယ်အကျဉ်း ဉီးစီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အလက်ဇီ သေဆုံးတဲ့အတည်ပြုချက်ကို လက်ရှိအချိန်ထိ မရသေးဘဲ သူ့ရဲ့ရှေ့နေက သူ့ကို ထိန်းသိမ်း ထားရာမြို့သို့ သွားနေတယ်လို့ အလက်ဇီရဲ့ ပြောရေးဆိုခွင့်ရအမျိုးသမီး ကီရာယာမက်ရှ်က X မှာ ရေးသားထားပါ တယ်။
အစွန်းရောက်ဝါဒစွဲချက်နဲ့ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထားရတဲ့ အသက် ၄၇ နှစ်အရွယ် အလက်ဇီကို ဒီ ဇင်ဘာလအတွင်း ရုရှားနိုင်ငံအလယ်ပိုင်း ဗလာဒီမာဒေသရှိ အကျဉ်းထောင်တစ်ခုမှ ရုရှားနိုင်ငံရဲ့ လုံခြုံရေးအမြင့် ဆုံး အထူးအကျဉ်းထောင်တစ်ခုသို့ ရွှေ့ပြောင်းခဲ့ပါတယ်။
မော်စကိုမြို့တော်ရဲ့ အရှေ့မြောက်ဘက် မိုင် ၁၂၀၀ အကွာ Kharp မြို့ရှိ လုံခြုံရေးထူထပ်တဲ့ အထူးအ ကျဉ်းထောင်တစ်ခုသို့ အလက်ဇီအား ရွှေ့ပြောင်းမှုကို သူ့ရဲ့မဟာမိတ်တွေက ရှုတ်ချခဲ့ပါတယ်။
အလက်ဇီကို ရွှေ့ပြောင်းလိုက်သော ဝေးလံခေါင်ဖျားတဲ့ အဆိုပါဒေသဟာ ပြင်းထန်သော ဆောင်းရာသီဉ တုရှိတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
Kharp မြို့ဟာ အလုပ်သမားတွေကို အကျဉ်းစခန်းစနစ်ပုံစံ ခိုင်းစေတဲ့ ကျောက်မီးသွေးမိုင်းတွေရှိရာ ဗော်လ်ကူတာမြို့မှ မိုင် ၆၀ အကွာခန့်မှာ တည်ရှိပါတယ်။
ရုရှားသမ္မတရုံးက လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ဓာတုအဆိပ်ခတ်ခံရမှုကြောင့် ဂျာမနီနိုင်ငံမှာ ဆေးကုသမှုခံ ယူပြီးနောက် မော်စကိုမြို့တော်ကို ပြန်လာခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကတည်းက အလက်ဇီဟာ ချုပ်နှောင်ခံ ထားရတာပါ။
ဖမ်းဆီးမခံရမီ အလက်ဇီဟာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး မဲဆွယ်စည်းရုံးကာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။
ကိုးကား – AP
Ref; Russia says imprisoned opposition leader Alexei Navalny has died