
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
အစ္စရေးစစ်တပ်က၇ ဂါဇာဒေသမှာ ဟားမာစ်စစ်သွေးကြွတွေကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး အကြီးမားဆုံး ဆေးရုံကို စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ဟားမာစ်စစ်သွေးကြွတွေဟာ နာဆာဆေးရုံမှာ ပုန်းအောင်းနေပြီး ဆေးရုံဝန်းထဲမှာ ဓားစာခံတွေကို ချုပ် နှောင်ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် စီးနင်းရှာဖွေမှု ပြုလုပ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဆေးရုံမှာ ခိုလှုံနေတဲ့ ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းတွေ၊ လူနာတွေ၊ စစ်ရှောင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို အစ္စရေးစစ်တပ်က မောင်းထုတ်ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ဟားမာစ်တိုက်ခိုက်ရေးသမားတွေက အစ္စရေးနိုင်ငံကို ရုတ်တရက် တိုက်ခိုက်ကာ အရပ်သားအများစုဖြစ် တဲ့ ပြည်သူ ၁၂၀၀ ကျော်ကို သတ်ဖြတ်ပြီး ပြည်သူ ၂၅၃ ဉီးကို ဓားစာခံအဖြစ် ခေါ်ဆောင်ခဲ့တဲ့ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေး-ဟားမာစ်စစ်ပွဲ စတင်ခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်းနဲ့မြေပြင်ထိုးစစ်ဆင်မှုကြောင့် ဂါဇာမြို့တော်မှာ ပြည်သူ ၂၈၆၀၀ ကျော် သေဆုံးခဲ့ ပြီး ပြည်သူ ၂ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဟားမာစ်အဖွဲ့ရဲ့ တပ်မှူးတစ်ဉီး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာတောင်ပိုင်း တိုက်ပွဲမှာ အစ္စရေးစစ်သားတစ်ဉီး ကျဆုံးခဲ့ရာ အောက်တိုဘာလ ၂၀ ရက် မြေပြင်ထိုး စစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ကျဆုံးခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ဝင် ၂၃၅ ဉီးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။
နာဆာဆေးရုံထဲမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့လူနာတွေ ရှိနေနိုင်တယ်လို့ အကြောင်းကြားခဲ့ပေမယ့် အစ္စရေးတပ်ဖွဲ့က အဆိုပါဆေးရုံကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြော ပါတယ်။
ဟားမာစ်အဖွဲ့က ဆေးရုံတွေ၊ လူနာတင်ယာဉ်တွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို စစ်ရေး ရည်ရွယ်ချက်တွေနဲ့ အသုံးပြုနေတယ်လို့ အစ္စရေးနိုင်ငံက စွပ်စွဲပါတယ်။
ကိုးကား – India Today
Ref; Israel raids largest Gaza hospital over hostage concerns, Hamas denies allegations