ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

စစ်တပ်အကြောင်း သတင်းမှားတွေ တမင်တကာ ဖြန့်ဝေမှုကြောင့် တရားစွဲဆိုခံထားရသူတွေရဲ့ ပိုင်ဆိုင် မှုပစ္စည်းတွေကို အာဏာပိုင်တွေက သိမ်းယူခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လက် မှတ်ရေးထိုးလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့တဲ့ ထိုဥပဒေဟာ အစိုးရကို သိက္ခာချပြီး စစ်တပ်အကြောင်း တမင်တကာ သ တင်းမှားဖြန့်မှုပြစ်ဒဏ်တွေနဲ့ စီရင်ချက်ချမှတ်ခံထားရတဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး ငွေကြေး၊ ပိုင်ဆိုင်မှု တွေ သိမ်းယူခံရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ယင်းဥပဒေဟာ အစွန်းရောက်မှုလုပ်ရပ်တွေ လူသိရှင်ကြား လှုံ့ဆော်သူတွေနဲ့ နိုင်ငံတော်လုံခြုံရေးကို ထိ ခိုက်စေတဲ့လုပ်ရပ်တွေ လုပ်ဆောင်သူတွေကိုပါ အကျုံးဝင်တယ်လို့ သိရပါတယ်။

လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုကိုရရှိတဲ့ အဆိုပါဉပဒေကို ရုရှား အောက်လွှတ်တော်နဲ့ အထက် လွှတ်တော်က မြန်ဆန်စွာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီဥပဒေဟာ ပြည်တွင်းမှာ ပိုင်ဆိုင်မှုရှိတဲ့ ပြည်ပရောက် အစိုးရဆန့်ကျင်သူတွေကို ပစ်မှတ်ထားပြီး ဉပဒေ ကို အလွဲသုံးစားလုပ်နိုင်တယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ် ကော့ဗ်က ပြောပါတယ်။

ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ပြီးနောက် အစိုးရရဲ့ ဆန့်ကျင်သူတွေ အပေါ် ဖြိုခွင်းမှုတစ်စိတ်တစ်ဒေသအဖြစ် စစ်တပ်ကို သိက္ခာကျစေသူတွေကို အရေးယူမဲ့ဉပဒေ အတည်ပြုခဲ့တာ ပါ။

ယူကရိန်းကျူးကျော်စစ် ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ ပူတင်က သေချာပေါက်နီးပါး အနိုင်ရရှိမှာဖြစ်တဲ့ မတ်လအတွင်း သမ္မတရွေးကောက်ပွဲမတိုင်မီ ဤဉပဒေ အာဏာတည်မှာဖြစ်ပါတယ်။

ရုရှားနိုင်ငံကို ၂၄ နှစ်ကြာ အုပ်ချုပ်ထားတဲ့ကာလအတွင်း ပူတင်က ရွေးကောက်ပွဲတွေမှာ အဓိက အတိုက် အခံတွေကို ယှဉ်ပြိုင်ခွင့်မပြုဘဲ ပိတ်ပင်ခဲ့ပါတယ်။

ကိုးကား – Aljazeera
Ref; Russia’s Putin signs law to seize assets of those who discredit military

#Ayeyarwaddy_Times