ညီညီမင်း/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဇူလိုင်လ ၃၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများက ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့မနက် ၁၀ နာရီ၃၇မိနစ် အချိန်က သစ္စာအဓိဋ္ဌာန်ပြုပွဲပြုလုပ်ခဲ့ကြကြောင်း အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးထံက သိရပါတယ်။

“ဒီမနက်ကနိုင်ကျဥ်းတွေက သူတို့နေတဲ့ အဆောင်တွေ၊အခန်းတွေကနေ အချက်၄ချက်ရွတ်ပြီးသစ္စာပြုကြတာ “လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်ထောင်ကနိုင်ငံရေးအကျဥ်းသားများက “ တော်လှန်ရေးတွင် မြင့်မြတ် စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်” ၊ “တော်လှန်ရေး ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်” ၊ “တရားမျှတ လွတ် လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်ပါစေသတည်း” ၊ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စသည့် စာသားများအား ရွတ်ဆိုကာ သစ္စာအဓိဋ္ဌာန်ပြုပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

၃၁ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၇၀ နီးပါးနှင့် အမျိုးသမီး ၅၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။