ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

ရှီးယိုက် ဘာသာရေးခေါင်းဆောင် မော့တာဒါအယ်လ်ဆာဒါရဲ့ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေက သီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် မနေ့က ဘဂ္ဂဒတ်မြို့ တော်က အီရတ်လွှတ်တော်အဆောက်အအုံကို သိမ်းပိုက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုဖြစ်တာကြောင့် နှစ်ဘက်စလုံးမှာ လူပေါင်း ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အီရတ် နိုင်ငံပိုင်ရုပ်သံဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဆန္ဒပြသူတွေက ပြိုင်ဘက် ရှီးယိုက်မဟာမိတ်အဖွဲ့က အဆိုပြုတဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စား လှယ်လောင်းတစ်ဦးကို ဆန့်ကျင်ကန့်ကွက်နေတာဖြစ်ပါတယ်။

ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့ဖို့ စေ့စပ်ညှိနှိုင်းမှုတွေ ရပ်တန့်သွားပြီးတဲ့နောက် တစ်လအကြာမှာ အယ်လ် ဆာဒါရဲ့ပါတီက လွှတ်တော်အမတ် ၇၀ ကျော် နှုတ်ထွက်သွားခဲ့တာကြောင့် လွှတ်တော်မှာ အမတ်နေရာအများစု ကို ပြိုင်ဘက်မဟာမိတ်အဖွဲ့က ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာပြုလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ အယ်လ်ဆာဒါရဲ့ပါတီက အမတ်နေရာအများစု အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့နဲ့ သမ္မတ၊ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

အီရတ်နိုင်ငံက ရှီးယိုက်တိုင်းပြည်တစ်ခုဖြစ်တဲ့ အိမ်နီးချင်း အီရန်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားသင့် တယ်လို့ အယ်လ်ဆာဒါပါတီက ပြောပေမယ့် ပြိုင်ဘက်ပါတီတွေကတော့ အီရန်နဲ့ ဆက်ဆံရေးက အရေးပါတယ် လို့ ဆိုပါတယ်။

Photo-PBS News
ကိုးကား – NHK
Ref; Protestors storm Iraq’s parliament, leaving more than 100 injured