ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လ တတိယပတ်လောက်မှာ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦး ဖမ်းဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းမိသွားပြီးနောက်ပိုင်း ဖုန်းထဲမှာတွေတဲ့ စကား ပြောထားတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးတာတွေပြုလုပ်နေတာလို့ ဒေသခံ တွေက ပြောပါတယ်။

“ ခုလိုဖမ်းဆီးနေတာ တော်တော်လေးစိတ်မကောင်းဘူး ဒီလိုလုပ်တာ တော်တော်လေး လူမဆန်တဲ့လုပ်ရက်လို့ပြောချင်တယ် လူတိုင်းဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ် ဒါကိုစောင့်ကြည့်ပြီး သံသယနဲ့လိုက်ဖမ်းနေတာ အဖမ်းခံရတဲ့သူတွေအတွက်တော့ စိတ်မကောင်းပါဘူး ပြည်သူတွေကိုလုံခြုံရေးအထူးဂရုစိုက်ဖို့ပြောချင်ပါတယ်” ပြောက်ကျားတပ်ဖွဲ့ရဲတာဝန်ရှိသူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက ပြောက်ကျားတပ်ဖွဲ့ဝင်တဦး ဖမ်းမိသွားပြီးနောက်ပိုင်း ဖုန်းထဲမှာစကားပြောဆိုထားတဲ့သူ တွေကို ဖမ်းဆီးတဲ့အပြင် ငွေကြေးချမ်းသာတဲ့ မိသားစုက လူငယ်တွေကိုလည်း လိုက်လံဖမ်းဆီးတာတွေပြုလုပ် နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတာကြောင့် သင်္ကြန်ကာလက စစ်ကောင်စီပြုလုပ်တဲ့ ဗဟိုမပ်အနီးမှာ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မစ်ရှင်တွေမရှိတော့တာဖြစ်ပါတယ်။