ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းရှိ ပစ်မှတ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိရာ ဒုတိယအကြီး မားဆုံးမြို့ ခါကတ်ဗ်မြို့အား တိုက်ခိုက်မှုမှာ ကလေး ၃ ဉီး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ သောကြာနေ့မှ စနေနေ့အထိ ကာလအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသ တွေအတွင်းသို့ ဒရုန်း ၃၁ စင်း စေလွှတ်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါ တယ်။

ဒရုန်းတွေအနက် ဒရုန်း ၂၃ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။ ခါကတ်ဗ်မြို့ရှိ လောင်စာဆီသိုလှောင်ရုံတစ်ခု ထိခိုက်ခဲ့ပြီး လောင်စာဆီယိုစိမ့်မှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။

နေအိမ် ၁၀ လုံးကျော် မီးလောင်ကျွမ်းခဲ့ရာ လူ ၇ ဉီး သေဆုံးခဲ့ပြီး ၃ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောပါတယ်။

ယူကရိန်းတောင်ပိုင်းရှိ အိုဒက်ဆာဒေသမှာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းတစ်ခုနဲ့ အနီးအ နားရှိ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူ ၄ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူဟာ ရုရှားနိုင်ငံအလယ်ပိုင်းရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံတစ်ခုကို သွားရောက်ခဲ့တယ်လို့ ဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

လွန်ခဲ့သော ၂ နှစ် ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အဆိုပါစက်ရုံက ဒရုန်းထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါစက်ရုံက ပစ်မှတ်တွေကို အလိုအလျောက် ဖော်ထုတ်ကာ တိုက်ခိုက်မယ့်စနစ်တစ်ခုကို တီထွင်နေ တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းက ရုရှားကိုတိုက်ခိုက်ဖို့ ဒရုန်းတပ်ဖွဲ့ကို အင်အားတိုးချဲ့နေခြင်းကြောင့် နှစ်ဖက်စလုံးရဲ့ တိုက် ခိုက်မှုတွေ အရှိန်မြှင့်လာဖွယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Russian drone attacks kill 7 in eastern Ukraine