ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ဆိုးရွားလာတဲ့ လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယနိုင်ငံသားတွေ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ခရီးမ သွားရောက်ကြဖို့ အိန္ဒိယအစိုးရက တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရှိယင်းစွဲ အိန္ဒိယနိုင်ငံသားတွေ ချက်ချင်း ထွက်ခွာကြဖို့ အကြံပြုချက်ထဲမှာ ပြည်ပရေး ရာဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

“ဆိုးရွားလာတဲ့ လုံခြုံရေးအခြေအနေ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်မှုနဲ့ မရှိမဖြစ်လို အပ်တဲ့ လူသုံးကုန်စည်တွေ ဆိုးရွားစွာ ပြတ်လပ်မှုကြောင့် အိန္ဒိယနိုင်ငံသားတွေအားလုံး မြန်မာနိုင်ငံ၊ ရခိုင်ပြည် နယ်ကို ခရီးမသွားကြဖို့ အကြံပြုပါတယ်” လို့ အကြံပြုချက်က ဖော်ပြပါတယ်။

“ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေလည်း ရခိုင်ပြည်နယ်ကနေ ချက်ချင်း ထွက်ခွာ ကြဖို့ တိုက်တွန်းပါတယ်” လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ စစ်တွေဆိပ်ကမ်းကို တည်ဆောက်ခဲ့သလို ကုလားတန်ဘက်စုံစီမံ ကိန်းကိုလည်း ဖော်ဆောင်လျက်ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေသ လို စစ်ကောင်စီက အရပ်ဘက်နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

မောင်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ အေအေကြား တိုက်ပွဲတွေပြင်းထန်မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ရာနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။

ကိုးကား – Indian Express
Ref; India advises citizens not to travel to Myanmar’s Rakhine state

#Ayeyarwaddy_Times