ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊သာယာဝတီခရိုင်၊ အုတ်ဖို မြို့ နယ်၊ ကန့်နီရွာက စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူး ၁ ဦး ဇူလိုင်လ ၃၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရတဲ့သူဟာ ကန့်နီရွာ စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ခင်စိန် ဆိုသူဖြစ်ပြီး PDF ကိုမြေလှန်မယ်လို့ပြောဆိုခဲ့ဖူးသူလို့ ဒေသခံတွေကပြောပါတယ်။
” PDF တွေ သိပ်အားမကောင်းခင်ထဲက PDF တွေအကုန်မြေလှန်ပစ်မယ်ဆိုပြီးပြောထားတာ။ အဲ့ဒီကနေတောက် လျှောက် PDF သတင်းတွေထောက်လှမ်းပြီး စကစ ကိုလမ်းပြလုပ်နေတာ” လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် PDF က ဇေယျာသော်စစ်ဆင်ရေးအဖြစ်ပစ်ခတ်ရှင်း လင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မနက်ပိုင်းမှာလည်း ဇေယျာသော်စစ် ဆင်ရေးအဖြစ် မင်းလှမြို့နယ်၊ ပေပင်ကုန်းကျေးရွာ အုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်ကိုလည်း သာယာဝတီခရိုင် PDF ကပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။