ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

မြန်မာအာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်း သားလေးဦးကို ကြိုးပေးကွက်မျက်ပြီးနောက် အာ ဏာသိမ်းမှုအလွန် အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ရဲ့ အလားအလာကို မလေးရှားနိုင်ငံက ထုတ်ဖော်ပြောလိုက်ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ နိုဝင်ဘာလအတွင်းပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်နဲ့ပတ် သက်လို့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ရှိနေတယ်လို့ မြန်မာ့အရေးမှာ အသံအထွက်ဆုံး မလေးရှား နိုင်ငံ ခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။
“ဒီနေ့အထိ အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာမှာ စစ်မှန်တဲ့တိုးတက်မှု မရှိ ပါဘူး။ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်နေပြီး အခြေအနေက ပိုဆိုးလာပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ပျက်ရယ်ပြုနေပါတယ်” လို့ ဆိုင်ဖူဒင်က ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။
“နိုဝင်ဘာလမှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ လို အပ်နေပါပြီ။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ဖော်ဆောင်မှာလား ဒါမှမဟုတ် အသစ်တစ်ခု ဖန်တီးမှာလား” လို့ သူက ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆမ်က အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်ထံ ကြိုးပေးကွက်မျက်မှုကို ပြန်လည်စဉ်းစားဖို့ မေတ္တာ ရပ်ခံခဲ့ပေမယ့် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ NUG ကို တရားဝင် ဆက်သွယ်တဲ့ ပထမဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ အာဆီယံအနေနဲ့ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ လိုအပ်နေပြီလို့ ဆိုင်ဖူဒင်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်တွင် သြဂုတ်လ ၃ ရက်မှာပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးအပါအဝင် မည်သည့် အာဆီယံအစည်း အဝေးတွင်မဆို မြန်မာစစ်ကောင်စီကိုယ်စားလှယ် တွေကို တက်ရောက်ခွင့်မပြုသင့်ဘူးလို့ ၄င်းက ထပ်လောင်းပြောကြားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက်ကို အများကြီး မမျှော်လင့်သလို အစီအစဉ်သစ်တစ်ခု ကိုလည်း အလွန်အမင်း အကောင်းမမြင်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူ မာဘူဘူဟာကွေးက ပြောပါတယ်။

ကိုးကား – RFA
Ref; Malaysia’s top diplomat broaches junking ASEAN consensus on Myanmar