ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ဒေသခံအသိုင်းအဝိုင်းတွေနဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကို အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ ပေးပို့ မယ့် မဲဆောက်-မြဝတီနယ်စပ်ဂိတ်အနီး မြန်မာနယ်စပ်မှာ လူသားချင်းစာနာမှုဘေးကင်းဇုန်တစ်ခု ဒီလကုန်မှာ ထူထောင်ဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖောင်ကတ်ကီယိုက ပြောပါတယ်။

လူသားချင်းစာနာမှုဘေးကင်းရေးဇုန်တစ်ခု ထူထောင်မယ့် အစီအစဉ်ဟာ မြန်မာနိုင်ငံက အဖွဲ့အစည်း အားလုံးကြား ဆွေးနွေးမှုတွေပြုလုပ်ဖို့ ထိုင်းနိုင်ငံရဲ့ နောက်ဆုံးကြိုးပမ်းမှုလို့ ယူဆရပါတယ်။

ထိုင်းနိုင်ငံရဲ့အဆိုပြုမှုကို ပြီးခဲ့တဲ့အပတ်က လာအိုနိုင်ငံ၊ လွမ်ပရာဘမ်မြို့မှာကျင်းပတဲ့ အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာကိုယ်စားလှယ်က ထောက်ခံခဲ့ ပါတယ်။

ထိုင်းနဲ့မြန်မာ ကြက်ခြေနီအသင်းတွေက အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးအေဂျင်စီရဲ့ ကြီးကြပ်မှုနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

အဆိုပါအစီအစဉ်ကြောင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ပြီး အိန္ဒိယနဲ့ တရုတ်လိုမျိုး မြန်မာ့အိမ်နီးချင်းတွေ အပါအဝင် နိုင်ငံတကာမိတ်ဖက်တွေနဲ့ ထိုင်းနိုင်ငံက ဆွေးနွေးခဲ့တယ်လို့ ဆီ ဟာဆတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်လယ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ် စတင်နိုင်မယ်လို့ သူက ယုံကြည်ပါတယ်။

ကိုးကား – VNA
Ref; Thailand plans to set up humanitarian safe zone on its border with Myanmar

#Ayeyarwaddy_Times