ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျိတ်တောကျေးရွာ၊က၀က်ချောင်းကျေးရွာနှင့် အမှတ်(၁) ရပ်ကွက်စံပါယ်လမ်းတို့မှ နေအိမ်အချို့ကို ဖေဖော်ဝါရီ ၆ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်များ၀င်ရောက်စီးနင်းပြီး လူငယ်ခြောက်ဦးကို စစ်ကောင်စီနှင့်ရဲများက ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

၀င်ရောက်ဖမ်းဆီးရာတွင်လူငယ်များနှင့်အတူသေနတ်၊ ဒရုန်း၊ RPG များတွေ့ရှိပြီး စစ်ကောင်စီတပ်များမှသိမ်းဆည်း သွားကြောင်းဒေသခံများကပြောသည်။

“ဘယ်လိုသတင်းရလဲမသိ ကွက်တိ၀င်ဖမ်းတာ၊ ရွာက သတင်းပေးတွေ ​ အကူအညီနဲဖမ်းမိတယ်ထင်တယ်။ ဧရာ၀တီမှာ က စစ်တပ်သတင်းပေးတွေများနေတယ်”ဟု ဒေသသံတစ်ဦးမှဧရာ၀တီတိုင်းမ်သို့ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဒေးဒရဲမြို့နယ် ကျိတ်တော ကျေးရွာနေ ကိုနိုင်၀င်းဆွေ အပါအ၀င်လူငယ်အမျိုးသား ငါးဦး၊အမျိုးသမီးတစ်ဦးနှင့်အတူ သေနတ် လေးလက်၊ RPG တစ်လက်၊ ဒရုန်းနှင်ဆက်စပ်ပစ္စည်းများနှင့်အတူအခြား ဖောက်ခွဲဆက်စပ်ပစ္စည်းများသိမ်းဆည်း ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါလူငယ်များဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်ပြီး ဖျာပုံခရိုင်အတွင်း လှုပ်ရှားနေသော တော်လှန်ရေး အင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ရဲများမှဖမ်းဆီးထားသည့် လူငယ် ခြောက်ဦးကို ဒေးဒရဲ မြို့မရဲစခန်းတွင် စစ်ဆေးနေပြီး လက်နက်များနှင့် ပတ်သတ်ပြီးရိုက်နှက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

#ဒေးဒရဲမြို့နယ် #လူငယ်၆ဦး #သေနတ် #ဒရုန်း #RPG #Ayeyarwaddy_Times