ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ တောင်ဘက်ရှိ အရေးပါးသည့် တံတားတစ်စင်းဖြစ်သော စိုင်တင် တံတားကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထိန်း ချုပ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် ညပိုင်းတွင် ဘူးသီး တောင်မြို့ စိုင်တင်တံတားပေါ်နှင့် တံတားအနီးရှိ စစ် ကောင်စီတပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တံတားကိုထိန်းချုပ်လိုက်နိုင်ကြောင်း AA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“တံတားမှာ ၄ ရက်နေ့ညက တိုက်ပွဲအပြင်းအထန်ဖြစ် ခဲ့ပြီး နယ်ခြားစောင့်ရဲနဲ့ စစ်သားတွေအကုန်ထွက်ပြေး သွားတယ်။ အခု တံတားကိုတပ်တော်က ထိန်းချုပ်ထားပြီ။ သွားလာခွင့်လည်းပြုထားပါတယ်”ဟု AA စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး စိုင်တင်တံတားပေါ်နှင့် တံတားအနီးတွင် စခန်းချနေရာယူထားသည့် နယ်ခြားစောင့်ရဲ နှင့် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက် ပြေးသွားကြပြီး ဘူးသီးတောင်ရှိ ခမရ-၅၅၁ တပ်ရင်း နှင့် စစ်ကောင်စီ အမှတ် ၁၅ စစ်ဗျူဟာကွပ်ကဲမှုဌာန ချုပ်သို့ သွားရောက်ပူးပေါင်းလိုက်ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ဘူးသီး တောင်-ရသေ့တောင်ကားလမ်းရှိ ကုလားပန်ဇင်းချောင်းတံတားအနီးတွင်လည်း AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘူးသီးတောင်မြို့နယ်ထဲမှာ တပ်အကူးအပြောင်း လုပ်နေတဲ့ တပ်တွေကို တပ်တော်ကအမြဲကြားဖြတ် တိုက်တော့ တိုက်ပွဲကပုံမှန်ရှိ‌တယ်။ ခုစိုင်တင်တံတား ကလည်း ဇန်နဝါရီထဲက တိုက်ပွဲဖြစ်နေတာ။ ၄ ရက်နေ့ကတော့ အပြီးထိန်းချုပ်လိုက်နိုင်တာ”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက အဆိုပါ စိုင်တင်တံတားတိုက်ပွဲတွင် လေကြောင်းမှ လာရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည့်အတွက် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကင်း‌တောင်၊ ရေချမ်းပြင်၊ ကြာညိုပြင်၊ ဖုံညိုလိပ်ကျေးရွာ များသို့ လက်နက်ကြီးကျည်များ ကျရောက်ပြီး မီးလောင်ကျွမ်းမှုများ ရှိခဲ့ကြောင်း သိရသည်။

#ရခိုင် #ဘူးသီးတောင် #စိုင်းတင်တံတား #AAသိမ်း ပိုက် #Ayeyarwaddy_Times