
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ ဥရောပသမဂ္ဂ (EU) က ပံ့ပိုးကူညီဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန် ပရီးဘာဟက်ဒါနူကာရာက တောင်းဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ သောကြာနေ့ကကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ-အီး ယူ ဝန်ကြီးအဆင့် အစည်းအဝေးမှာ သူက အခုလို တောင်းဆိုလိုက်တာပါ။
ကမ္ဘာကြီးကို စမ်းသပ်နေတဲ့ ကမ္ဘာ့ပဋိပက္ခတွေကို ရင်ဆိုင်ရာမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ထိန်းသိမ်း မယ့် စုပေါင်းချည်းကပ်မှုတစ်ခု လုပ်ဆောင်ဖို့ အာဆီယံနဲ့ ဥရောပသမဂ္ဂကြား နှစ်ဉီးနှစ်ဖက်ဆက်ဆံရေးကို ဆွေး နွေးခဲ့တဲ့ အစည်းအဝေးအတွင်း သူက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်မယ့် ပထမအဆင့် ခြေလှမ်းတစ်ရပ်အဖြစ် ဥရောပသမဂ္ဂက ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှု အကူအညီပံ့ပိုးရေး အစီအ စဉ်ကို ပံ့ပိုးကူညီဖို့နဲ့ မြန်မာ့အရေး အဖြေရှာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဖို့မျှော်လင့်ကြောင်း သူက ပြောပါတယ်။
“အာဆီယံအဖွဲ့နဲ့ ဉရောပသမဂ္ဂက အပြောင်းအလဲတွေဖန်တီးဖို့ အတူလက်တွဲဆောင်ရွက်နိုင်ပါတယ်” လို့ ပန်ပရီးက ဆိုပါတယ်။
“အာဆီယံ-အီးယူ မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှု တိုးတက်လာစေဖို့ ကမ္ဘာတစ်ဝှမ်းက အဖွဲ့ အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ့် သံန္နိဌာန်ကိုပြသဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်” လို့ သူက ပြောပါ တယ်။
အာဆီယံနဲ့ ဥရောပသမဂ္ဂက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အချက်အချာနေရာတွေ ဖြစ်လာစေဖို့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာအတွက် ခေတ်မီသော၊ သန့်ရှင်းသော၊ တာရှည်ခံသော ကွန်ရက်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့လည်း သူက ဆက်ပြောပါတယ်။
ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုနဲ့ ဒေသတွင်း ပိုမိုကြီးမား သော ကုန်သွယ်မှုက အနာဂတ်မှာ ထိုင်း-အီးယူ လွတ်လပ်သောကုန်သွယ်မှုဧရိယာတစ်ခု ဖြစ်ပေါ်ရေးကို အ ထောက်အကူပြုစေနိုင်တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Foreign minister calls for EU support on Myanmar crisis