
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
အမေရိကန် အထက်လွှတ်တော်အမတ်နဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ ဘင် ကာဒင်းဟာ ဖေဖော်ဝါရီလ ၂ ရက်က အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီးနောက် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
ဘင်ကာဒင်းဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့ အပါအဝင် အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေကို ပံ့ပိုးကူညီမယ့် နည်းလမ်းတွေအတွက် လုပ်ပိုင်ခွင့်ပေးတဲ့ Burma Act ကို အဆိုပြုခဲ့သူဖြစ်ပါတယ်။
ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ ခေါင်းဆောင်တွေနဲ့ NUG အဖွဲ့ဝင်တွေအတွက် ဘင်ကာဒင်းနဲ့ တွေ့ ဆုံရတာဟာ အရေးပါတဲ့ ထောက်ခံအားပေးမှုဖြစ်ပါတယ်။
“ဒီနေ့ဟာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပါဝင်တဲ့ NUG ကိုယ်စားလှယ်အဖွဲ့ကို ကျွန်တော် ပ ထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။ ဒီမိုကရေစီရရှိရေး ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ကို ဆက်လက်တိုက်ပွဲ ဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ မယုံကြည်လောက်စရာ ရဲရင့်မှုနဲ့ ကြံ့ကြံ့ခံနိုင်မှုကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါ တယ်” လို့ ဘင်ကာဒင်းက ပြောပါတယ်။
ဒီမိုကရေစီမျှော်မှန်းချက်တွေနဲ့ စစ်အာဏာရှင်စနစ် တွန်းလှန်တဲ့ ပြည်သူ့ဆန္ဒကို ချေမှုန်းဖို့ မြန်မာစစ် ကောင်စီဟာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ လူထုအပေါ် ခြိမ်းခြောက်သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ ညှဉ်းပန်းမှု၊ ထောင်သွင်းအကျဉ်းချပြီး အကြောက်တရား လွှမ်းမိုးစေတဲ့နည်းတွေကို ကျင့်သုံးနေတယ်လို့ သူက ပြောပါတယ်။
မြန်မာပြည်သူတွေဟာ NUG ရဲ့ဦးဆောင်မှုအောက်မှာ လွတ်လပ်မှုအတွက် အာဏာရှင်စနစ်ကို ဘယ် တုန်းကမှနဲ့ မတူတဲ့နည်းလမ်းတွေနဲ့ စည်းလုံးညီညွတ်စွာ ဆန့်ကျင်နေကြတယ်လို့ သူက ဆိုပါတယ်။
“အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ သာယာဝပြောမှု၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်တွေကို ထောက်ခံအားပေးမယ်” လို့ သူက ပြောပါတယ်။
ကိုးကား – https://www.foreign.senate.gov
Ref; Chair Cardin Statement Marking Three Years since the Military Coup in Myanmar