ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်သား တွေ ကင်းစောင့်ရင်း သရဲခြောက်ခံရလို့ သေနတ်နဲ့လိုက်ပစ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ငါးသိုင်းချောင်းအထက်တန်းကျောင်းမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ည ၉ နာရီခွဲလောက် လူရိပ်တွေ့တယ်ဆိုပြီး ကျောင်းဝန်းထဲ သေနတ် ၄ ချက်ပစ်ဖောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ သေနတ်သံ ၄ ချက်ကြားရတယ် ကျွန်တော်ထင်တာတော့ သူတို့သောက်စားမူးရူးပြီး စိတ်ကပြန်လှန့်တာလို့ ထင်တယ် အဲ့အချိန် ဘယ်လူမှ အပြင်မထွက်တော့ဘူးလေ သူတို့တွေပဲရှိတော့တာ လူအိပ်ချိန်မှာဖြစ်တာ”လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက အရက်သောက်ပြီး ကင်းစောင့်နေချိန်မှာ လူရိပ်တွေလို့ သေနတ်နဲ့ပစ်ခတ် သတိပေးတာလို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက သတင်းလိုက်လွှင့်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေကင်းစောင့်နေတဲ့ကျောင်းမှာ အရက်သောက်စားပြီး ဆဲဆိုကခုန်ပြီး မလုပ်သင့်တာ တွေလုပ်လို့ သက်ဆိုင်သူ မမြင်အပ် မြင်အပ် ပုဂ္ဂိုလ်တွေက သတိပေးတာမျိုးလည်းဖြစ်နိုင်တယ်လို့ ဒေသခံ အများစုကတော့ သုံးသပ်ပြောဆိုပါတယ်။