ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

ယူကရိန်းနိုင်ငံက ခရိုင်းမီးယားကမ်းလွန်မှာ ရုရှားဒုံးတပ်စစ်သင်္ဘောတစ်စင်းကို ဘယ်လို နစ်မြှုပ်ခဲ့တယ် ဆိုတာကို ယူကရိန်း စစ်ထောက်လှမ်းရေးအကြီးအကဲ ခိုင်ရီလိုဘူဒါနော့ဗ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

Ivanovet လို့ အမည်ပေးထားတဲ့ ရုရှားဒုံးတပ်စစ်သင်္ဘောကို ယူကရိန်း မောင်းသူမဲ့လေယာဉ် (၆) စင်းက တိုက်ခိုက်တာကြောင့် နစ်မြှပ်သွားခဲ့တယ်လို့ ဘူဒါနော့ဗ်က ပြောပါတယ်။

Ivanovet ဟာ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်စုပိုင်ဆိုင်တဲ့ ဒုံးတပ်သင်္ဘောသုံးစင်းအနက် တစ်စင်းဖြစ်ပြီး အဆိုပါသင်္ဘောနစ်မြှုပ်မှုဟာ ရုရှားအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ယူကရိန်းမီဒီယာတွေက ပြော ပါတယ်။

ယူကရိန်းက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ခရိုင်းမီးယားရှိ လေယာဉ်ကွင်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ရာ ရုရှား စစ်လေယာဉ် (၃) စင်း ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယူရီအိုင်နက်က ပြောပါ တယ်။

ယူကရိန်းနိုင်ငံဟာ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဝန်းကျင်မှာ တန်ပြန်ထိုးစစ်ဆင်မှု အ ရှိန်မြှင့်လျက်ရှိပါတယ်။

ယူကရိန်းနိုင်ငံအရှေိ့ပိုင်းမှာ နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မဆုတ်သာမတိုးသာဖြစ်နေပါတယ်။ ရု ရှားသမ္မတ ဗလာဒီမာပူတင်က ကျူးကျော်တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ဖို့ သံန္နိဌာန်ချထားဆဲဖြစ်ပါတယ်။

စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကအပြင်းအထန် ကြိုးစားနေပြီး စစ်လက်နက်ထုတ်လုပ်မှု မြင့် တက်လာခဲ့တယ်လို့ ပူတင်က တူလာမြို့တော်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက စစ်မျက်နှာပြင်အားလုံးမှာ မဟာဗျူဟာမြောက် ထိုးစစ်ဆင်နေပြီး နယ်မြေထိန်းချုပ်မှု တိုးချဲ့နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက ဝန်ကြီးဌာန အစည်းအဝေးတစ်ခုမှာ ပြောပါတယ်။

ကိုးကား – NHK
Ref; Ukraine intelligence chief says 6 drones downed Russian ship

#Ayeyarwaddy_Times