ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးကို မသိကျိုးကျွန်မပြုကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော် မရှင်နာမင်းကြီး ဗော်လ်ကာတပ်ခ်က တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ မြန်ဆန်စွာ ဆိုး ရွားလာတယ်လို့ ပြောပါတယ်။

“ကမ္ဘာတစ်ဝှမ်းက အကျပ်အတည်းတွေအနက် မေ့လို့မရတဲ့ ပဋိပက္ခတစ်ခုရှိပါတယ်။ မြန်မာပြည်သူတွေ ဟာ ဒုက္ခသုတ်ခတွေ ခံစားနေရတာ ကြာမြင့်ပြီဖြစ်ပါတယ်” လို့ အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မတိုင် မီ သူက ပြောပါတယ်။

စစ်တပ်နဲ့ အတိုက်အခံအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှု နဲ့ အိုးအိမ်စွန့်ခွာရမှုဖြစ်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း စစ်တပ်ရဲ့သတ်ဖြတ်ခံရတဲ့ အရပ်သားအရေအတွက် ၁၆၀၀ ကျော်အထိ ရှိခဲ့ပြီး ပြည် သူ ၂၆၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရကာ ၂၀၀၀၀ နီးပါး ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

ထိန်းသိမ်းခံရသူတွေ နှိပ်စက်ခံရတာနဲ့ အလွဲသုံးစားလုပ်ခံရတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီး လူ ၁၅၇၆ ဉီး စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

“မြန်မာစစ်တပ်ဟာ သူတို့ရန်သူတွေကို ထောက်ပံ့တယ်လို့ ရှုမြင်တဲ့ အရပ်သားတွေကို စုပေါင်းအပြစ်ပေး တာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ အရပ်သားတွေနဲ့ ဆေးရုံနဲ့ စာသင်ကျောင်းလိုမျိုး အပြည်ပြည်ဆိုင်ရာဉ ပဒေအရ ကာကွယ်ပေးထားတဲ့ အရာဝတ္ထုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

“အာဏာသိမ်းမှုနောက်ပိုင်း (၃) နှစ်အကြာမှာ စစ်တပ်ဟာ နှစ် (၆၀) အတွင်း အရင်ကထက် အာဏာမြဲဖို့ မသေချာတော့ပါဘူး။ ဒါပေမယ့် စစ်တပ်ဟာ အကြမ်းဖက်မှုတွေကျူးလွန်ဖို့ ဆက်လက်ပြီး အင်အားတည်ဆောက် နေပါတယ်” လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (CG) မှ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်ဆေးက ပြောပါတယ်။

စစ်တပ်က အတိုက်အခံတွေကို ချေမှုန်းဖို့ ဘာမဆိုလုပ်မယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင် လှိုင်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေးဖြေရှင်းဖို့ သင့်တော်သော အစီအမံတွေ လုပ်ဆောင်ကြဖို့၊ စစ်တပ်ရဲ့ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာဉပဒေ ပမာမခန့်ပြုလုပ်မှုတွေကို ကန့် သတ်နိုင်မယ့် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့နဲ့ စစ်လက်နက်၊ လေယာဉ်ဆီနဲ့ နိုင်ငံခြားငွေရပေါက် တွေကို ကန့်သတ်ဖို့ ဗော်လ်ကာတပ်ခ်က တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – Tamil Guardian
Ref; Three years after coup, Myanmar demands greater attention – UN rights chief

#Ayeyarwaddy_Times