
ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၂ ရက်
ဧရာဝတီတိုင်း၊ကျုံပျော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို ခလရ(၃၆)နှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ တပ်ရိက္ခာအဖြစ် အိမ်ထောင်စုတစ်ခုလျှင် ဆန်ငါးတင်းစီပေးရန် တောင်းခံနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကျုံပျော်မြို့အနီးရှိ ဘလန်းကြီး၊ လှေဆွဲ၊တိုက်ကုန်း၊စသည့်ကျေးရွာများမှ ဒေသခံတောင်သူများထံသို့ ပြီးခဲ့သည့်ဇန်နဝါရီလ ဒုတိယအပတ်ကစပြီး ခလရ(၃၆)နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တပ်ရိက္ခာအဖြစ် တစ်အိမ်ထောင်စုလျှင် ဆန် ငါးတင်းစီပေးရန် တောင်းခံနေကြောင်း ဒေသခံတောင်သူများထံမှသိရသည်။
“ ခလရ(၃၆) က တပ်ရိက္ခာဆိုပြီးတော့ ရာအိမ်မှူးတွေအိမ်ကို လာပြီးတော့ဆန်လာတောင်းသွားတယ်။ လှေဆွဲဘက်မှာတော့အဲ့လိုမဟုတ်ဘူး။ တအိမ်ကိုဆန်ငါးတင်းအတောင်းခံရတယ်။ မရှိတဲ့သူက အိမ်မှာမွေးထားတဲ့ ကြက်နဲ့ဝက်တွေပါ တပ်ရိက္ခာဆိုပြီးယူသွားတယ်”ဟု တိုက်ကုန်းကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင်သရက်ပင်လှနှင့် သောင်ရွာကျေးရွာတို့တွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံတောင်သူများအပေါ် တပ်ရိက္ခာ အဖြစ် တစ်အိမ်ထောင်လျှင် ဆန် ငါးတင်းအပြင် ကျေးရွာလုံခြုံရေး အကြောင်းပြ၍ ငွေတစ်သောင်းကျပ်ကိုပါ တောင်းခံကြောင်း ဒေသခံတောင်သူများက ပြောသည်။
#ကျုံပျော်မြို့နယ် #ဒေသခံတောင်သူများ #တပ်ရိက္ခာ #မြို့နယ်စစ်ကောင်စီ #Ayeyarwaddy_Times