ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁ရက်

ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး ရန်ကုန်-ချောင်းသာ-ငွေဆောင် ကားခနှုန်းထားများမှာယခင်ထက် ကျပ်တစ်သောင်းဝန်းကျင်ထပ်မံမြင့်တက်ခဲ့ကြောင်းခရီးသည်ယာဉ်လိုင်းများထံကသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဒုတိယအပတ်ကစပြီး ပြည်တွင်း စက်သုံးဆီဈေးနှုန်းး၉၂ အမျိုးအစားဓာတ်ဆီတစ်လီတာ ၂၇၀၅ ကျပ်၊ ၉၅ အမျိုးအစားဓာတ်ဆီ တစ်လီတာ ၂,၈၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂,၄၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာကို ၂,၅၁၅ ကျပ်အထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ရန်ကုန်- ချောင်းသာ-ငွေဆောင် ခရီးစဉ်အတွက် ကားငှားရမ်းခနှုန်းများမှာ ယခင်ထက်ဈေးနှုန်းတစ်သောင်းကျော်ထပ်မံမြင့်တက်သွားခဲ့ကြောင်း ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းရှိရန်ကုန်-ချောင်းသာ -ငွေဆောင်ပြေးဆွဲနေသည့်ယာဉ်လိုင်းများထံကသိရသည်။

“ ကားခတွေကိုဒီလကုန်ကနေစပြီးဈေးတွေဆတက်သွားပြီ။ စက်သုံးဆီဈေး နှုန်းကလည်းအရင်ထက်များနေတာဆိုတော့ကားခတွေဈေးတက်ကုန်တာ။ အဲတာမှလည်း ယာဉ်မောင်းတွေအတွက်လစာအဆင်ပြေနိုင်မှာ”ဟု ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းရှိရန်ကုန်-ချောင်းသာ ယာဉ်လိုင်းလက်မှတ်အရောင်းဝန်ထမ်းတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ရန်ကုန်-ချောင်းသာခရီးစဉ်အတွက်ကားလက်မှတ်ခနှုန်းထားအဖြစ်ယခင် က ၂၅၀၀၀ ကျပ် မှ ယခု ၃၅၀၀၀ ကျပ်၊ ရန်ကုန်-ငွေဆောင် ခရီးစဉ်အတွက် ကားလက်မှတ်နှုန်းထားအဖြစ်ယခင် ၃၅၀၀၀ကျပ် မှယခု ၄၅၀၀၀ကျပ် အထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်း ကားလက်မှတ်အရောင်းဌာနများထံကသိရသည်။

“ ကားခတွေက အရင်ထက် တစ်သောင်းလောက်တက်သွားတယ်။ အခုထိ ခရီးစဉ်လက်မှတ်ဖြတ်တဲ့သူကတော့နည်းနေတုန်းပဲ။ နွေရာသီ ကျောင်းပိတ်ရက်နဲ့ သင်္ကြန်ရုံးပိတ်ရက် ကိုပဲစောင့်ကြည့်ရတော့မယ်” ဟု ရန်ကုန်-ငွေဆောင် ကားလက်မှတ်အရောင်းဝန်ထမ်းတစ်ဦးကဆိုသည်။

၂၀၂၂ ခုနှစ် မတ်လကစတကချောင်းသာနှင့်ငွေဆောင်ကမ်းခြေရှိဟိုတယ်(၃၀)ကျော်ကို စစ်ကောင်စီမှပြန်လည်ဖွင့်လှစ်ခဲ့ပြီး နှစ်နှစ်တာ၌ နွေရာသီကျောင်းပိတ်ရက်နှင့်င်္သကြန်ရုံးပိတ်ရက်ကာလအတွင်းပြည်တွင်းပြည်ပခရီးသည် သိန်းချီလာရောက်မှုရှိခဲ့သည်။

#ချောင်းသာ #ငွေဆောင် #ကားလက်မှတ်ခ #ဈေးမြင့်တက် #Ayeyarwaddy_Times