ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၁ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ အတွက် အလွန်လိုအပ်နေသော လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်က တပ်ရင်း-၂ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် Future Hope Foundation မှ တပ်ဆင်ပေးအပ်ခဲ့ကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ အတွက် M-4 နှစ်လက်၊ AK တစ်လက်၊ ကျည်ဘောက် ခြောက်ခု၊ M4 ကျည်ဆံ၁၀၀၀ ကျော်နှင့် AK ကျည်ဆံ ၂၀၀ ကျော်တို့ကို Future Hope Foundationမှ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်ဝယ်ယူဖို့ ပရောဂျက်စတင်တုန်းက ရည်ရွယ်ထားတာကတော့ M-4 နှစ်လက်ပါပဲ။ ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့ ကံစမ်းမဲလက်မှတ်တွေကို တက်တက်ကြွကြွအားပေးဝယ်ယူကြတဲ့အတွက် သေနတ်သုံးလက်အပြင် ကျည်ဆံနဲ့ အခြားလိုအပ်တဲ့ အသုံးအဆောင်တွေကိုလည်း ဝယ်ယူတပ်ဆင်ပေးနိုင်ခဲ့တာပါ။ တပ်ရင်းရဲဘော်တွေကလည်း ပြည်သူတွေရဲ့ ပါဝင်မှုအပေါ် အရမ်းကျေနပ်ပျော် ရွှင်ကြတယ်” ဟု Future Hope Foundationမှ ပြန်ကြာရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တပ်ရင်း-၂ ရဲဘော်များအတွက် ဆောင်းတွင်းကာလတွင် အသုံးပြုရန် အနွေးထည်ဘောင်း ဘီများ၊ ခြေအိတ်နှင့် ဓာတ်မီး ၁၀ ခု(အသေး)တို့ကိုလည်း ပေးအပ်ခဲ့သည်။

Future Hope Foundationဥက္ကဌနှင့် အဖွဲ့ဝင်မှ ပေးအပ်ခဲ့သော လက်နက်ခဲယမ်းများနှင့် အသုံး အဆောင်ပစ္စည်းများကို တပ်ရင်း-၂ တပ်ရင်းမှူးဆလိုင်းဗန်လောမ်နှင့် တပ်ရင်း တာဝန်ခံတို့က အသီးသီးလက်ခံရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-မတူပီ၊ တပ်ရင်း-၂ အတွက် လက်နက်ခဲယမ်းတပ်ဆင်ပေးနိုင်ရန်အတွက် Future Hope Foundationမှ ဦးဆောင်၍ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ကံစမ်းမဲလက်မှတ်များကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပုံစာ-လက်နက်ခဲယမ်းပေးအပ်နေစဉ်
#ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) #တပ်ရင်း၂ #သေနတ်သုံးလက် #ကျည်ဘောက် #ကျည်ဆံနှစ်ထောင်ကျော် #တပ်ဆင်ပေးအပ် #Ayeyarwaddy_Times