ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံထားရသော အာဏာ သိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပတ်သက်မှုရှိတဲ့ မြန်မာခရိုနီတစ်ဉီးကို ထိုင်းတရားရုံးတစ်ခုက ဇန်နဝါရီလ ၃၀ ရက်မှာ အပြစ်မရှိကြောင်း စီရင်ချက်ချခဲ့ပါတယ်။

ရဲတပ်ဖွဲ့က တရားစွဲဆိုဖို့ စုဆောင်းထားတဲ့ အချက်အလက်တွေက ခိုင်လုံမှုမရှိတာကြောင့် ထိုင်းရာဇ ဝတ်တရားရုံးက အသက် ၅၄ နှစ်အရွယ် မြန်မာခရိုနီ ထွန်းမင်းလတ်နဲ့ သံသယရှိသူ ၃၂ ဉီးအနက် ၃ ဉီးကို အပြစ် မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းနယ်စပ်မြို့ မယ်ဆိုင်နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့ကြား လျှပ်စစ်ဓာတ်အား ရောင်းချမှုမှရတဲ့ ငွေ ကြေးတွေကို ခဝါချမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ထွန်းမင်းလတ်ကို ဗန်ကောက် မြို့တော်မှာ ဖမ်းဆီးခဲ့ပါတယ်။

ဟိုတယ်၊ စွမ်းအင်နဲ့ သတ္ထုတူးဖော်ရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပြီး မြန်မာစစ်တပ်အတွက် စစ် လက်နက်တေွ ဝယ်ယူပေးဖူးသော သမိုင်းကြောင်းတစ်ခုရှိတဲ့ ထွန်းမင်းလတ်ဟာ အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်ရဲ့ အနီးကပ် လူတစ်ဉီးဖြစ်တယ်လို့ သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်အတွင်း ဗန်ကောက်မြို့တော်ရှိ ထွန်းမင်းလတ်ရဲ့ကွန်ဒိုကို စီးနင်းချိန်မှာ မင်း အောင်လှိုင်ရဲ့သမီးနဲ့သား ပိုင်ဆိုင်တဲ့ ဘဏ်စာအုပ်တွေ အပါအဝင် ပိုင်ဆိုင်မှုပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ထွန်းမင်းလတ်နဲ့အတူ မူးယစ်မှောင်ခိုကူးမှုနဲ့ ငွေကြေးခဝါချမှု စွဲချက်တွေကြောင့် ထိုင်း အထက်လွှတ် တော်အမတ် ဉပါကစ်ကို တရားစွဲဆိုခဲ့ပြီး မေလမှာ ပထမဆုံးအကြိမ် ကြားနာမှုပြုလုပ်မှာဖြစ်ပါတယ်။

ထွန်းမင်းလတ်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဉပါကစ်ရဲ့သားမက် ဒင်းယောင်ဂူလ်တူလာအပေါ် တရားစွဲဆိုထား မှုကိုလည်း ထိုင်း ရာဇဝတ်တရားရုံးက ရုတ်သိမ်းခဲ့ပါတယ်။

ကိုးကား – Asia One
Ref; Thai court drops drug charges against Myanmar businessman linked to junta

#Ayeyarwaddy_Times