ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

မြန်မာနိုင်ငံက ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု နဂိုအခြေအနေ ပြန်လည်ရရှိဖို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မား ကို့စ်ဂျူနီယာက မျှော်လင့်နေပါတယ်။

ဟနွိုင်းမြို့တော်မှာရောက်ရှိနေတဲ့ ၂ ရက်ကြာ တရားဝင်ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်ဝန် ကြီးချုပ် ဖန်မင်ချင်နဲ့ တွေ့ဆုံချိန်အတွင်း မားကို့စ်ဂျူနီယာက အခုလို ပြောကြားခဲ့တာပါ။

“အာဆီယံအဖွဲ့ဝင်အနေနဲ့ ကျွန်တော်တို့နှစ်နိုင်ငံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည် ရရှိဖို့ ဆန္ဒပြုပါတယ်။ ကျွန်တော်တို့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ အာဆီယံအလှည့်ကျဉက္ကဌ လာအိုနိုင်ငံရဲ့ ကြိုး ပမ်းမှုတွေကို ထောက်ခံပါတယ်” လို့ သူက ဆိုပါတယ်။

အခြားအာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံသင့်ပြီး အာဆီယံ ဉက္ကဌနဲ့ ထိတွေ့ဆက်ဆံရမှာဖြစ်သလို သူတို့ရဲ့ရည်မှန်းချက်တွေက ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကိုက်ညီသင့် တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးမှာ ထိုင်းနိုင်ငံက အဆိုပြုခဲ့တယ်လို့ မားကို့စ်ဂျူနီယာက ပြောပါတယ်။

“သူတို့ဒီကိစ္စကို အာဆီယံဉက္ကဌ၊ အာဆီယံ အထူးကိုယ်စားလှယ်တို့နဲ့ ဆက်သွယ်ပြီးပြီလို့ ကျွန်တော် ယုံ ကြည်ပါတယ်” လို့ သူက ဆိုပါတယ်။

စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံက ပဋိပက္ခဟာ အာဆီယံအဖွဲ့အတွက် ဖြေရှင်းဖို့ ခက်ခဲသောပြဿနာ တစ်ခုဖြစ်ပြီး မြန်မာ့အရေး အဖြေရှာရာမှာ တိုးတက်မှု အနည်းငယ်သာရှိခဲ့တယ်လို့ သူက အစောပိုင်းမှာ ပြော ကြားခဲ့ပါတယ်။

ကိုးကား – GMA News
Ref; Marcos wishes Myanmar will return to peace, stability

#Ayeyarwaddy_Times