ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာနှင့်ငွေဆောင်လမ်းခွဲတွင် စစ်ကောင်စီတပ်က စစ်ဆေးရေး ဂိတ်ဖွင့်၍ ဂိတ်အတွင်းဖြတ်သန်းသွားလာနေသည့် ကားများမှ ခရီးသည်များ၏ မှတ်ပုံတင်များကို တောင်းယူစစ်ဆေးနေကြောင်း ခရီးသွားကားမောင်းသူများထံက သိရသည်။

စစ်ကောင်စီတပ်သည် ချောင်းသာ ငွေဆောင် လမ်းခွဲအကျော်တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ဖြတ်သန်းသွားလာနေသေ ာကားများကို ရပ်တန့်စစ်ဆေးနေပြီး မှတ်ပုံတင်မပါပါက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း ခရီးသွားလာသူများထံက သိရသည်။

“လမ်းတစ်လျှောက်မှာ စစ်တာမရှိဘူး။ ကိုးဆူတံတာမှာတောင် မှတ်ပုံတင်မစစ်ဘူး။ ချောင်းသာလမ်းခွဲရောက်မှ အဲ့ဒီဂိတ်ကစစ်တာ။ မှတ်ပုံတင်ပါလား မပါဘူးလား ဆိုပြီး ကားထဲမှာပါတဲ့သူတွေ အကုန်လုံးကို မှတ်ပုံတင်ထုတ်ပြခိုင်းတယ်။ ကျွန်တော်တို့ဆီက သွားတဲ့သူတွေကအကုန်ပါကြတော့ လွှတ်ပေးလိုက်တယ်။ မပါရင် ငွေတောင်းတော့ မှာအသိသာကြီး” ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ဒေသတွင်းစစ်ရေးအရှိန်မြင့်မားလာသည့်နှင့်အမျှ လမ်းများတွင် စစ်ဆေးခြင်းနှင့် ကျေးရွာများတွင် ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းများကို ပိုက်စိပ် တိုက် လုပ်ဆောင်နေကြောင်း ပုသိမ်မြို့နယ် ရှိဒေသခံများထံက သိရသည်။

“ပုသိမ်မှာတော့ မထင်ရင်မထင်သလို ဧည့်စာရင်းဝင်စစ်တယ်။ ပြီးရင် ကားတွေနဲ့လည်း ကင်းပတ်တာမျိုးတွေ လုပ်နေတယ်။ မနက် ၅ နာရီလောက်ဆို တစ်ကြိမ် ကင်းပတ်တယ်။ ည ၁၀ နာရီလောက်ဆိုတစ်ကြိမ် ကင်းပတ်တယ်။ အရင်လို လူအများကြီးနဲ့ တော့မဟုတ်တော့ဘူး။ အခုကင်းပတ်ရင် ကားတစ်စီးကို လေးယောက် လောက်ပဲ ပါတာတွေ့တော့တယ်” ဟု ပုသိမ်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် စစ်ဆေးရေးဂိတ်များကို နေရာအနှံ့ ချထားသော်လည်း ကင်းအရေ အတွက်မှာ ကင်းတစ်ခုလျှင် စစ်ကောင်စီတပ်သား နှစ်ဦးမှ လေးဦးအထိသာ ကင်းချ ထားနိုင်ကြောင်း ဒေသခံများထံက သိရသည်။

#ချောင်းသာ #ငွေဆောင်လမ်းခွဲ #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ်ဖွင့် #မှတ်ပုံတင်များစစ်ဆေး #Ayeyarwaddy_Times