ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

မြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးမယ့် မြန်မာ-ထိုင်းနယ်စပ် မှာ အကူအညီပေးရေးစင်တာတစ်ခု တည်ဆောက်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက တနင်္လာနေ့မှာ သ ဘောတူခဲ့ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တနင်္လာနေ့က ပြီးဆုံးခဲ့တဲ့ နှစ်ရက်ကြာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ လာအိုနိုင်ငံ၊ လွမ်ဘရာဘမ်မြို့တော်မှာ ရှိခဲ့ကြပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ မြန်မာစစ်ရှောင်တွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်မယ့် အကူအညီ ပေးရေးစင်တာ တည်ဆောက်မယ့်အစီအစဉ်ကို ထိုင်းနိုင်ငံက အဆိုပြုခဲ့ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာက ပြောပါတယ်။

အကူအညီပေးရေးစင်တာ တည်ဆောက်မယ့် သင့်တော်သော နေရာတစ်ခုရှာဖွေဖို့ ဖေဖော်ဝါရီလ ၈ ရက် နဲ့ ၉ ရက်မှာ မဲဆောက်ခရိုင်သို့ သွားရောက်မယ်လို့ ပန်ပရီးက ဆိုပါတယ်။

ထိုင်းနဲ့ မြန်မာကြက်ခြေနီအသင်းတွေက အာဆီယံ အကူအညီပေးရေးစင်တာကို ကူညီမယ်လို့လည်း သူ က ပြောပါတယ်။

စစ်ကောင်စီကိုယ်တိုင် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ သဘောတူခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အ ကောင်အထည်ဖော်ဆောင်ဖို့လည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ထပ်လောင်းအတည်ပြု ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာစင်တာ (AHA Centre) က လူသားချင်းစာနာမှု အကူအညီပေးမှု လုပ်ငန်းတွေကို စောင့်ကြည့်ဖို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအ တွင်းဝန်က သဘောတူခဲ့တယ်လို့ ပန်ပရီးက ပြောပါတယ်။

အာဆီယံ အကူအညီပေးရေးစင်တာရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စတင် မယ်လို့ သူက ဆိုပါတယ်။

ကိုးကား – The Nation
Ref; ASEAN backs building of centre to help Myanmar war victims in Thai border

#Ayeyarwaddy_Times