
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
ထိုင်ဝမ်က ဘယ်တော့မှ တိုင်းပြည်တစ်ခု ဖြစ်လာမှာမဟုတ်ဘဲ ထိုင်ဝမ်လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းတဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ သို့မဟုတ် တရုတ်ပြည်မမှခွဲထုတ်ဖို့ ပြည်ပတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေက အောင်မြင် မှာမဟုတ်ဖူးလို့ တရုတ်၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ထိုင်ဝမ် ရွေးကောက်ပွဲဟာ တရုတ်နိုင်ငံရှိ ဒေသတစ်ခုရဲ့ ကိစ္စရပ်တစ်ခုသာဖြစ်တယ်လို့ တရုတ်၊ ကာ ကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကျင်းက ဇန်နဝါရီလ (၂၅) ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“ထိုင်ဝမ်မှာ အခြေအနေ ဘယ်လိုပဲပြောင်းလဲပါစေ အခြေခံ အကြောင်းတရားကတော့ တရုတ်တစ်နိုင်ငံ တည်းရှိပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ မပြောင်းလဲပါဘူး” လို့ သူက ဆိုပါ တယ်။
တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေဟာ ဘယ်တော့မှ ပြိုလဲမှာမဟုတ်ဘဲ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့အချက်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဖူးလို့ သူက ပြောပါ တယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ နိုင်ငံ့အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုကို ကာကွယ်စောင့်ရှောက်တဲ့ သံမဏိတံတိုင်းတစ်ခု အမြဲ ဖြစ်နေမယ်လို့ သူက ပြောပါတယ်။
တရုတ်စစ်တပ် အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ပူးတွဲ ရေပြင်နဲ့ဝေဟင် ကင်းလှည့်မှု တွေ ပြုလုပ်ကာ အဆိုပါလုပ်ရပ်ဟာ တိုက်ခိုက်ရေးအသင့်ဖြစ်မှု အရှိန်မြှင့်ဖို့၊ နိုင်ငံ့အချုပ်အချာအာဏာနဲ့ ပိုင်နက် နယ်မြေ ကာကွယ်မယ့် စစ်တပ်ရဲ့စွမ်းရည်ကို တိုးမြှင့်ဖို့ရည်ရွယ်တယ်လို့ ဝူကျင်က ဆိုပါတယ်။
တရုတ်စစ်တပ်ဟာ သက်ဆိုင်ရာ စစ်ဆင်ရေးတွေကို ပုံမှန် ဆက်လက်လုပ်ဆောင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကိုးကား – Xinhua
Ref; Taiwan will never be a country: defense spokesperson