
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
တရုတ်နိုင်ငံအလယ်ပိုင်း ကျန်စီပြည်နယ်ရှိ စတိုးဆိုင်တစ်ဆိုင်မှာ ဇန်နဝါရီလ ၂၄ ရက်က မီလောင်မှုတစ် ခု ဖြစ်ပွားခဲ့ရာ လူ (၃၉) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီ ၂၄ မိနစ်မှာ ကျန်စီပြည်နယ်၊ ကျင်ယုမြို့တော်က စတိုးဆိုင်တစ်ဆိုင်ရဲ့ မြေညီထပ်မှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။
“လက်ရှိအချိန်ထိ မီးလောင်မှုကြောင့် လူ (၃၉) ဦး သေဆုံးခဲ့ပြီး (၉) ဦး ဒဏ်ရာရရှိခဲ့ကာ လူအချို့ ပိတ်မိ နေဆဲဖြစ်ပါတယ်” လို့ ဒေသစံတော်ချိန် ည (၈) နာရီအပြီးမှာ CCTV ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။
စတိုးဆိုင်ရဲ့ မြေညီထပ်မှာ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ CCTV ရုပ်သံဌာနက အသေး စိတ်မဖော်ပြခဲ့ပါဘူး။
ဆိုင်ခန်းတွေ အမြောက်အမြားရှိတဲ့ လမ်းတစ်လျှောက်မှာ မီးသတ်ကားတွေ၊ အရေးပေါ်တုံ့ပြန်ရေးယာဉ် တွေ တန်းစီရပ်ထားတာကို CCTV ရုပ်သံဌာနက ထုတ်လွှင့်တဲ့ ဗွီဒီယိုရုပ်သံဖိုင်က ပြသခဲ့ပါတယ်။
မီးလောင်မှုဖြစ်စဉ်မှာ လူမည်မျှအထိ ဒဏ်ရာရရှိခဲ့တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရဘဲ မီး လောင်ကျွမ်းမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်က စာသင်ကျောင်းတစ်ကျောင်းမှာ မီးလောင်ကျွမ်းမှုတစ်ခု ကြောင့် လူ ၁၃ ဦးသေဆုံးပြီး (၅) ရက်အကြာမှာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
ကိုးကား – AFP
Ref; 39 dead following fire at a store in China’s Jiangxi province: State media