ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

လူ ၆ ဦး တင်ဆောင်လာသော ရုရှား စင်းလုံးငှား ဂျက်လေယာဉ်တစ်စင်း အာဖဂန်နစ္စတန်နိုင်ငံ၊ ဝေးလံ ခေါင်ဖျား ကျေးလက်ဒေသတစ်ခုမှာ ပျက်ကျခဲ့တယ်လို့ ယူဆရကြောင်း အာဏာပိုင်တွေက ဇန်နဝါရီလ ၂၁ ရက် မှာ ပြောကြားခဲ့ပါတယ်။

ဘာဒါရှန်ပြည်နယ်၊ ဇီဘတ်ခ်ခရိုင်ရှိ တောင်ကုန်းထူထပ်ရာဧရိယာတစ်ခုမှာ စနေနေ့က စင်းလုံးငှား ခရီး သည်တင်လေယာဉ် ပျက်ကျခဲ့တာဖြစ်ပြီး အခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ထားတယ်လို့ ဒေသ ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာအမ်မီရီက ပြောပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲရုံးကလည်း စင်းလုံးငှား ခရီးသည်တင်လေယာဉ် ပျက်ကျတဲ့အကြောင်းကို ထုတ်ပြန်ချက်တစ်ခုအတွင်း အတည်ပြုခဲ့ပါတယ်။

အမှုထမ်း ၄ ဦးနဲ့ ခရီးသည် ၂ ဦး ပါရှိတဲ့ Dassault Falcon 10 ဂျက်လေယာဉ်တစ်စင်း ပျောက်ဆုံးသွားခဲ့ တယ်လို့ ရုရှား လေကြောင်းပို့ဆောင်ရေးဌာန အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ကနေ ဉဇဘတ်ကစ္စတန်နိုင်ငံ၊ တက်ရှ်ကင့်မြို့တော်မှတစ် ဆင့် မော်စကိုမြို့တော်ရှိ ဇူကော့ဗ်စကီး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်းလုံးငှားခရီးစဉ်တစ်ခု ပျံသန်းနေတာ လို့ သိရပါတယ်။

လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်ကာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ အာ ဏာပိုင်တွေက ပြောပါတယ်။ အဆိုပါ ခရီးသည်တင်လေယာဉ်ကို Athletic Group LLC နဲ့ ပုဂ္ဂလိကလူပုဂ္ဂိုလ် တစ်ဉီးက ပိုင်ဆိုင်တယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်းစင်းလုံးငှား ခရီးသည်တင်လေယာဉ်ကို မော်ရိုကိုကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တယ်လို့ တာလီဘန်အဖွဲ့ ရဲ့ ထုတ်ပြန်ချက်တစ်ခုက ဆိုပါတယ်။

တာလီဘန်အဖွဲ့က ၂၀၂၁ ခုနှစ်မှာ တိုင်းပြည်အာဏာ ထိန်းချုပ်ပြီးနောက် ပိုင်း အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းတွေက အာဖဂန်နစ္စတန်နိုင်ငံကို ရှောင်ရှားခဲ့ကြပါတယ်။

ကိုးကား – VOA
Ref; Russian Private Jet Carrying 6 People Believed to Have Crashed in Afghanistan

#Ayeyarwaddy_Times