
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ-ပုသိမ်ကားလမ်းတွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲရန်သွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ယမန်နေ့ ဇန်နဝါရီ နံနက် ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က ချောင်းမြောင်းပစ်ခတ်၍ ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
ဓားမဆိုင်းတပ်ရင်း (၂၈) မိုင်းတာဝန်ခံ တပ်စိတ်မှူး မောင်သက်မောင် (ခ) ငမောင်သည် ဆာလင်းကြီးမှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို လမ်းတလျှောက်တွင် မိုင်းများဆင်၍ခွဲခဲ့ရာ ပထမမိုင်းဖောက်ခွဲမှုတစ်ကြိမ် အောင်မြင်ခဲ့ပြီး ဒုတိယအကြိမ် သွားရောက်ဖောက်ခွဲရာတွင် စစ်ကောင်စီတပ်၏ ချောင်းမြောင်းပစ်ခတ်ခြင်းခံရကာ ကျဆုံးခဲ့ကြောင်း သိရသည်။
“ဆာလင်းကြီးဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သွားပြီး မိုင်းထောင် ခွဲခဲ့တာ။ ပထမမိုင်းပွိုင့်ကို အောင်မြင်စွာဖောက်ခွဲနိုင်ခဲ့ပြီး ဒုတိယမိုင်းပွိုင့်မှာ စစ်ကောင်စီ ဘက်က ချောင်းမြောင်ပစ်ခတ်ခံရလို့ ကျဆုံးသွားတာ” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) တာဝန်ခံ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်၍ ဒေသခံများ၏နေအိမ်များကိုမီးရှိုဖျက်ဆီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ ကို သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏထိတွေ့ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ဓားမဆိုင်းတပ်ရင်း
ပုံစာ-စစ်ကောင်စီတပ်က ချောင်းမြောင်းပစ်ခတ်၍ ကျဆုံးသွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်
#မိုင်းဖောက်ခွဲစဥ် #စစ်ကောင်စီတပ် #ချောင်းမြောင်းပစ်ခတ် #တော်လှန်ရေးတပ်ဖွဲ့ဝင်ကျဆုံး #Ayeyarwaddy_Times