
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ကို ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက်အုပ်စုများစာရင်းမှာ နောက်တစ်ကြိမ် ထည့်သွင်းလိုက်ပါတယ်။
ဟူသီအဖွဲ့ကို အကြမ်းဖက်အုပ်စုစာရင်းသွင်းကြောင်း ဇန်နဝါရီလ ၁၇ ရက်က ကြေညာခဲ့ပေမယ့် သတ် မှတ်ချက်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်မတိုင်မီ အသက်ဝင်မှာ မဟုတ်ပါဘူး။
အဆိုပါသတ်မှတ်ချက်ကြောင့် အမေရိကန်နိုင်ငံရှိ ပြည်သူတွေ၊ ကုမ္ပဏီတွေကို ဟူသီအဖွဲ့ထံ မည်သည့် ပံ့ ပိုးကူညီမှုမျှ မလုပ်ဖို့ ပိတ်ပင်ထားပြီး အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ယင်းအဖွဲ့ပိုင်ရန်ပုံငွေတွေကို ထိန်းချုပ်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ဟူသီအဖွဲ့ရဲ့ နိုင်ငံတကာသင်္ဘောလိုင်းတွေအပေါ် တိုက်ခိုက်မှုတွေက သင်္ဘောသားတွေကို အန္တရာယ်ဖြစ် စေခဲ့ပြီး လွတ်လပ်သော ရေကြောင်းသွားလာခွင့်ကို ထိခိုက်စေခဲ့တယ်လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ပြောပါတယ်။
ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာမယ်ဆိုတာ အမေရိကန်နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့အပတ်တွေအတွင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ သူက ဆိုပါတယ်။
နိုဝင်ဘာလနောက်ပိုင်း ဟူသီအဖွဲ့ဟာ ပင်လယ်နီအတွင်းနဲ့ဝန်းကျင်းမှာ ကုန်တင်သင်္ဘောတွေအပေါ် ဒါ ဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း အမေရိကန်တပ်ဖွဲ့တွေဟာ ဟူသီအဖွဲ့ရဲ့ ထပ်မံတိုက်ခိုက်လာမှုစွမ်းရည်တွေ လျှော့ နည်းလာစေဖို့ ဟူသီစခန်းတွေအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ တိုက်ခိုက်မှုက ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူတွေနဲ့ စည်းလုံးမှုကို ပြသခဲ့ပြီး အစ္စရေးနိုင်ငံက ထိုးစစ်ဆင်မှု ရပ်တန့်ချိန်အထိ ဆက်လက်တိုက်ခိုက်မယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရကလည်း ဟူသီအဖွဲ့ကို အကြမ်းဖက်သမား ၂ခုစာရင် ထည့်သွင်းခဲ့ပါ တယ်။ သို့သော်လည်း ဟူသီအဖွဲ့ အခြေစိုက်ရာ ယီမင်နိုင်ငံရှိ လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် ဟူသီ အဖွဲ့အား အကြမ်းဖက်စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; US designates Houthis as terrorists