ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

မြန်မာ – တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်သွယ်ရေးဇုန်များ ပိတ်ခံထား ရချိန်တွင် ကချင်ပြည်နယ်နှင့်တရုတ်နယ်စပ်ရှိ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမြင့်တက်နေကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနထံက သိရသည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ခြင်းထိစပ်နေသော ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်ရှိ ကန်ပိုက်တီမြို့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကံပိုင်တည်မြို့အဖြစ် စစ်ကောင်စီက ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မြို့သိမ်း တိုက်ပွဲများဖြစ်ပွားချိန် အောက်တိုဘာလမှစတင်ပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ် ရေး စခန်းနှစ်ခုဖြစ်သည့် မူဆယ် ၁၀၅ မိုင်နှင့်ချင်းရွှေဟော်စခန်းတို့ လုပ်ငန်းရပ်ဆိုင်း ပြီးနောက်တွင် ကံပိုင်တည်စခန်းမှ ကုန်သွယ်မှုမြင့်တက်လာ ကြောင်းသိရသည်။

အဆိုပါစခန်းမှ ပုံမှန်လစဥ်ကုန်သွယ်ရာတွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ သန်းဝန်းကျင် ရှိရာမှ ယခု ကန်ဒေါ်လာ ၁၆ သန်း ကျော်ထိမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ စီး/ကူး ဌာနက ဆိုထားသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၄ ရက်အတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၇ သန်းနှင့် သွင်းကုန်တန်ဖိုး ၁ ဒသမ ၀၈၅ ဒေါ်လာရှိကာ နှစ်ပတ်အတွင်း စုစုပေါင်းကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃၆၀ သန်းကျော်ရရှိကြောင်း ယင်းဌာနထံက သိရသည်။

လက်ရှိကံပိုင်တည်စခန်းမှတင်ပို့နေရသော ဆန်နှင့်ဖရဲသီးကို ယခင်က မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်ဂိတ်မှ တင်ပို့ခြင်းဖြစ်ပြီး ပို့ကုန်အမျိုးအစားတွင် တစ်သျှူးငှက်ပျောတန်ဖိုး အများဆုံးဖြစ်ပြီး ဒုတိယမှာဖရဲသီးဖြစ်ကာ မြေပဲဆန်၊ နှမ်းနက်၊ ရော်ဘာ၊ ငရုတ်သီး၊ ဆန် နှင့် ရွှေဖရုံသီးတို့ပါဝင်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လကုန်သွယ်ရာတွင် ပို့ကုန်တန်ဖိုး ၁ ဒသမ ၇၃၈ သန်းနှင့် သွင်းကုန်တင်ဖိုး ၂ ဒသမ ၀၆၄ သန်း၊ ဩဂုတ်လတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ သန်းနှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁ သန်းဖြင့် ကံပိုင်တည်စခန်းကနေ တစ်လလျှင် ပျှမ်းမှ ကုန်သွယ်မှုတန်းဖိုး ၃ သန်းကျော်ရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ရှမ်းမြောက်နယ်စပ် #ကုန်သွယ်ရေးဇုန်များပိတ်ထား #မြန်မာတရုတ်ကုန်သွယ်ရေး #ကံပိုင်တည်စခန်း #ကုန်သွယ်မှုမြင့်တက် #Ayeyarwaddy_Times