နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ကရင်ပြည်နယ် မြဝတီမြို့အနည်းရှိ လက်ခတ်တောင်ကုန်းစခန်း အနောက်ဘက်ကို ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင် သတင်းရင်း မြစ်များထံက သိရသည်။

စစ်ကောင်စီသည် ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် လက်ခတ်တောင်အနောက်ဘက်ခြမ်းကို လေယာဉ်ဖြင့် ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” လက်ခတ်တောင်စခန်းရဲ့ အနောက်ဘက်တောင်ကြောကို လေယာဥ်နဲ့ ဗုံးလာကြဲတာပါ။ထိခိုက်မှုအခြေနေကိုတော့မသိရသေးပါဘူး” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ လက်ခတ်တောင် အနောက်ဘက်တောင်ကြောနေရာသည် ယခင်က စစ်ကောင်စီတပ်နှင့် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များ စခန်း ချခဲ့သည့် နေရာဖြစ်ပြီး စခန်းသိမ်းပြီးကတည်းက တော်လှန်တပ်ဖွဲ့များ နေရာယူထားခြင်း မရှိသည့် နေရာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အခိုင်အမာ စခန်းချထားသည့် လက်ခတ်တောင်စခန်းကုန်းကို ယမန်နှစ် ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ကျားသစ်နက်စစ်ကြောင်း နှင့် ကော်ပရာ စစ်ကြောင်း ပူးပေါင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် လက်ခတ်တောင်စခန်းကုန်း သိမ်းပိုက်ခံရစဉ်က ပြန်လည် ရရှိနိုင်ရေးအတွက် အကြိမ်ကြိမ်ကြိုးစားကာ လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများပြု လုပ်ခဲ့သော်လည်း ယခုတွင်မှ လေယာဉ်ဖြင့် ပြန်လည်ဗုံးကြဲခြင်း ဖြစ်ကြောင်း မြေပြင်သတင်း ရင်းမြစ်များ ထံက သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်ဗုံးကြဲခဲ့စဉ် (ပုံဟောင်း)
#ကရင်ပြည်နယ် #လက်ခက်တောင်အနောက်ဘက်ခြမ်း #စစ်ကောင်စီ #လေယာဥ်ဖြင့်ဗုံးကြဲ #Ayeyarwaddy_Times
Boost this post to reach up to 8052 more people daily if you spend $28.