
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇန်နဝါရီ ၁၅ ရက်
ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးကို အဖက်ဖက်မှ ပိတ်ပင်ထားမှုကြောင့် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေပြီး ဒေသခံများ၏ လူမှုစီးပွားရေးနလံမထူနိုင် ဖြစ်နေကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ထံက သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းပြည်နယ်၏ စီးပွားရေးသည် ကျသည်ထက်ကျဆင်းလာနေပြီး ပြည်သူများ၏ စားဝတ်နေရေးသည်လည်း လုံးဝဖူလှုံမှုမရှိသလို အနုတ်လက္ခဏာပြနေကြောင်းသိရသည်။
“အဲ့သည်လိုသာ ဆက်လက်ရှိနေလို့ရှိရင် ကျွန်တော်တို့ရဲ့ ချင်းပြည်သူတွေဟာ မကြာခင်မှာ ၇၀ ရာခိုင်နှုန်းခန့် ဆင်းရဲဒုက္ခမှုအောက်မှာ ပြန်ရောက်မယ်။ အငတ်ဘေး ကိုလည်း ဒီထက်ဆိုးဆိုးဝါးဝါးခံရဖို့ အလားလာရှိနေပါတယ်။ အစစအရာရာမှာ ကျွန်တော်တို့ ချွတ်ခြုံကျနေပါပြီ” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ File ဒါရိုက်တာ ဆလိုင်းတေရက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ချင်းပြည်နယ်တွင် လက်ရှိအနေအထားအတိုင်း ဆက်လက်သွားနေပါက ချင်းပြည်သူများ အတွက် အဖက်ဖက်မှ မျှော်လင့်ချက်မဲ့နေပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO/INGO အဖွဲ့အစည်းများအနေဖြင့် တတ်နိုင်သည့်ကဏ္ဍမှ ပံ့ပိုးကူညီပေးကြရန် တောင်းဆိုလို ကြောင်း ဆလိုင်းတေရက ဆိုထားသည်။
ပုံစာ-စစ်ဘေးရှောင်နေရသည့် ပလက်ဝဒေသခံများ
#ချင်းပြည်နယ် #ကုန်စည်စီးဆင်းမှုပြတ်တောက် #ဒေသခံများအငတ်ဘေးဆိုက်ရောက် #Ayeyarwaddy_Times